Homeပြည်တွင်းသတင်းအမျိုးသမီးစစ်မှုထမ်းတွေ သင်တန်း စဖွင့်နေပြီဖြစ်တာကြောင့် ရန်ကုန်နဲ့ အချို့ဒေသတွေမှာအမျိုးသမီးငယ်တွေ ပျောက်ဆုံးနေ

အမျိုးသမီးစစ်မှုထမ်းတွေ သင်တန်း စဖွင့်နေပြီဖြစ်တာကြောင့် ရန်ကုန်နဲ့ အချို့ဒေသတွေမှာအမျိုးသမီးငယ်တွေ ပျောက်ဆုံးနေ

၁၄ ဩဂုတ် ၂၀၂၅

အမျိုးသမီးစစ်မှုထမ်းတွေ သင်တန်း စတင်ဖွင့်နေပြီဖြစ်တာကြောင့် ရန်ကုန်နဲ့ အချို့ဒေသတွေမှာ အမျိုးသမီးငယ်တွပျောက်ဆုံးနေတာဖြစ်တယ်လို့ Myanmar Defense & Security Institute (MDSI) က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပြည်သူ့စစ်မှုထမ်းအမျိုးသမီးသင်တန်းကို မှော်ဘီမြို့အခြေစိုက် အမှတ်(၄) အရာခံနဲ့ အကြပ်ကြီးသင်ကျောင်း(ရကသ-၄)မှာ ဖွင့်လှစ်နေတယ် တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်ကို ထုတ်ပြန်လာတာဖြစ်ပါတယ်။

အမျိုးသမီးစစ်မှုထမ်းသင်တန်းကို သတင်းပေါက်ကြားတာမျိုးမရှိအောင် တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေတာဖြစ်ပြီး၊စစ်မှုထမ်းအပတ်စဉ် (၁) ကို ဖွင့်ခဲ့တာ ၂ လလောက်ရှိနေပြီလို့သိရပါတယ်။

ရကသ-၄ ဟာတပ်ကြပ်ကြီး/စာရေး(အမျိုးသမီး)သင်တန်း နဲ့ အခြေခံတပ် သားသစ်(အမျိုးသမီး)သင်တန်းကို ပုံမှန်ဖွင့်လှစ် လေ့ကျင့်ပေးနေတဲ့ စစ်သင်တန်းကျောင်းဖြစ်တယ်လို့ သိရပါတယ်။

စစ်မှုထမ်းအမျိုးသမီးသင်တန်းအတွက် စစ်ကော်မရှင်တပ်ဟာ နိုင်ငံအနှံ့မှာအမျိုးသမီးငယ်တွေကို စစ်မေးဖမ်းဆီးတာ၊ မြို့ရွာရပ်ကွက်အလိုက် စာရင်းကောက်ခံ ခေါ်ယူတာတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။

ဓာတ်ပုံ-MDSI

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး