၃၀ ဇန်နဝါရီ ၊ ၂၀၂၅
စစ်ကောင်စီအနေနဲ့ လတ်တလောမှာ ကောက်ယူခြင်းမရှိသေးဘူးလို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ဇန်နဝါရီလ ၂၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
မြို့နယ်တချို့မှာ ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် အသက်အရွယ် အကျုံးဝင်သည့် အမျိုးသမီးများကို စာရင်းကောက်ခံမှုများပြုလုပ်နေသည်ဆိုသော ကောလာဟလ သတင်း များကြောင့် မိဘပြည်သူများ စိုးရိမ်ပူပန်နေကြရကြောင်း လူမှုကွန်ရက်ပေါ်တွင် သတင်းများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါသတင်းနှင့်ပတ်သက်၍ အမျိုးသမီးစစ်မှုထမ်းများအား လတ်တလော ခေါ်ယူ စစ်မှုထမ်းဆောင်ရန်မရှိသေးကြောင်း ယခင် တရားဝင်ထုတ်ပြန်ပြောကြားထားပြီးဖြစ်ကြောင်း၊ လက်ရှိကောလာဟလသတင်းများနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ အမျိုးသမီးများစစ်မှုထမ်းဆောင်ရန် စာရင်းကောက်ခံခြင်းများ မရှိကြောင်းနှင့် အများပြည်သူ စိုးရိမ်ထိတ်လန့်စေရန် လုပ်ကြံဖန်တီးရေးသားသည့် သတင်းအမှားများသာ စစ်ကောင်စီက ဆိုပါတယ်။
မြေပြင်အခြေအနေမှာတော့ အမျိုးသမီးစစ်မှုထမ်းစာရင်းကို တောင်ဥက္ကလာ၊ တောင်ဒဂုံ၊ သာကေတအစရှိတဲ့မြို့နယ်တွေမှာ စတင်ကောက်ခံနေပြီဖြစ်ပါတယ်။
“သူတို့သတ်မှတ်ထားတဲ့အသက်ကကျော်နေပြီ။ မနေ့က စစ်မှုထမ်းစာရင်းပါတယ်ဆိုပြီး အုပ်ချုပ်ရမှူးကပြောတယ်။ သွားမေးတော့လည်း တိတိကျကျမပြောဘူး” လို့စစ်မှုထမ်းစာရင်းပါသူ အမျိုးသမီးတဦးက New Day Myanmar ကို အတည်ပြုပြောဆိုပါတယ်။
၂၀၂၅ ခုနှစ်ဇန်နဝါရီ ၂၃ ရက်က ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကိုပြဌာန်းခဲ့တာဖြစ်ပြီး နည်းဥပဒေအရ ကျား-မတန်းတူစစ်မှုထမ်းရမှာဖြစ်ပြီး Non- CDM ဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။