Homeနိုင်ငံတကာသတင်းအမေရိကန်အထိ ပစ်ခတ်နိုင်မယ့် တိုက်ချင်းပစ် နျူကလီးယား ဒုံးကျည် မြောက်ကိုရီးယား တီထွင်မှု နောက်ဆုံးအဆင့်ရောက်ရှိ

အမေရိကန်အထိ ပစ်ခတ်နိုင်မယ့် တိုက်ချင်းပစ် နျူကလီးယား ဒုံးကျည် မြောက်ကိုရီးယား တီထွင်မှု နောက်ဆုံးအဆင့်ရောက်ရှိ

၂၉ စက်တင်ဘာ ၂၀၂၅

အမေရိကန်နိုင်ငံထဲအထိ ပစ်ခတ်နိုင်မယ့် မြောက်ကိုရီးယားရဲ့ နျူထိပ်ဖူးတပ် ပဲ့ထိန်းဒုံးကျည် ထုတ်လုပ်ရေး နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်တယ်လို့ တောင်ကိုရီးယားက ပြောကြားလိုက်ပါတယ်။

နယူးယောက်မှာ ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်နေတဲ့ တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တောင်ကိုရီးယားထောက်လှမ်းရေး သတင်းတွေကို ကိုးကားပြီး ခုလိုပြောလိုက်တာပါ။

ဒါပေမယ့် အဲ့ဒီ ဒုံးကျည်စနစ်မှာ ကမ္ဘာ့လေထုထဲ ဝင်ရောက်တဲ့ နည်းပညာ ကျွမ်းကျင်ပိုင်နိုင် မှု မရှိသေးဘူးလို့ လည်း တောင်ကိုရီးယား ထောက်လှမ်းရေး သတင်းတွေက ဆိုပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး