Homeပြည်တွင်းသတင်းအမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်တဲ့နိုင်ငံအဖြစ် မြန်မာကို ဆက်ပြီးသတ်မှတ်

အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်တဲ့နိုင်ငံအဖြစ် မြန်မာကို ဆက်ပြီးသတ်မှတ်

၇ ဖေဖော်ဝါရီ၊ ၂၀၂၅

အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးတွေကို ခြိမ်းခြောက်တဲ့နိုင်ငံအဖြစ် မြန်မာကို ဆက်ပြီး သတ်မှတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ထိုးပြီး လွှတ်တော်ကိုပေးပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်နေတဲ့နိုင်ငံအဖြစ် သတ်မှတ်ကြောင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၀ရက်နေ့က ထုတ်ပြန်ခဲ့တဲ့အမိန့် Executive Order 14014 ကို သမ္မတထရမ့်က ဖေဖော်ဝါရီ ၆ ရက်က တစ်နှစ်ထပ်ပြီး သက်တမ်းတိုးလိုက်တာ ဖြစ်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က ဒီမိုကရေစီနည်းနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး အစိုးရခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကို မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ခဲ့တာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ငြင်းပယ်ပြီး နိုင်ငံရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေခဲ့တာတွေဟာ- အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ပုံမှန်မဟုတ်တဲ့ ခြိမ်းခြောက်မှုအဖြစ် ဆက်လက်တည်ရှိနေတယ်လို့ သမ္မတရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး အမျိုးသားလုံခြုံရေးအက်ဥပဒေအရ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ Executive Order 14014 ကို တစ်နှစ်ထပ်ပြီး သက်တမ်းတိုးလိုက်တာဖြစ်ပြီး နေရပ်ကို လုံခြုံရေးအရ မပြန်နိုင်တဲ့ မြန်မာနိုင်ငံသားတွေအတွက် ထုတ်ပေးထားတဲ့ ယာယီနေထိုင်ခွင့်ဟာ ၂၀၂၅ နိုဝင်ဘာလအထိ အကျုံးဝင်နေမှာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read