Homeပြည်တွင်းသတင်းအမေရိကန်ရောက် မြန်မာများ အထောက်အထားမပြည့်စုံရင် ပြည်မနှင်ခင်ထွက်ခွာဖို့ မြန်မာသံရုံးကြေညာ

အမေရိကန်ရောက် မြန်မာများ အထောက်အထားမပြည့်စုံရင် ပြည်မနှင်ခင်ထွက်ခွာဖို့ မြန်မာသံရုံးကြေညာ

၆ ဖေဖော်ဝါရီ၊ ၂၀၂၅

အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အကြောင်းကြောင်းကြောင့် နေထိုင်ခွင့်ဗီဇာစတဲ့ တရားဝင်အထောက်အထားတွေ သက်တမ်းကုန်ဆုံးနေရင် အထောက်အထားမဲ့ နိုင်ငံခြားသား နေရပ်ရွှေ့ပြောင်းသူအဖြစ် သတ်မှတ်ခံရပြီး ပြည်နှင်ခံရမယ့်အတွက် နေထိုင်ခွင့်အထောက်အထားတွေအတွက် ကိုယ့်အစီအစဉ်နဲ့ ကိုယ်လျှောက်ဖို့အတွက် စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးက သတိပေးထားပါတယ်။

နေထိုင်ခွင့် အထောက်အထားမဲ့ရင် ဒါမှမဟုတ် တရားမဝင်ရောက်ရှိနေသူဖြစ်ရင် အိမ်ရှင်အမေရိကန်အစိုးရတာဝန်ရှိသူတွေက ပြည်နှင်ချိန်မှ ထွက်ခွာတာထက် ကြိုတင် ထွက်ခွာသင့်တယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအပြန်ခရီးအတွက် ဘယ်လိုခရီးသွားလက်မှတ်အမျိုးအစားမှ မရှိရင် ဒါမှမဟုတ် နိုင်ငံကူး လက်မှတ်က ကာလကြာမြင့်စွာ သက်တမ်းလွန်နေရင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် လျှောက်ထားနိုင်တယ်လို့လည်း သံရုံးက ပြောဆိုပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့လက်ထက်မှာ တရားမဝင်နေထိုင်သူတွေကို ထိထိရောက်ရောက်နှိမ်နင်းနေပြီး မူလတိုင်းပြည်ကို ပြန်ပို့နေတဲ့အစီအစဉ်တွေ လုပ်နေတဲ့အတွက် အကြောင်းကြောင်းကြောင့် ရောက်ရှိနေတဲ့ နေထိုင်ခွင့်သက်တမ်းသက်တမ်းလွန်နိုင်ငံတကာရွှေ့ပြောင်းတွေကို သက်ဆိုင်ရာနိုင်ငံတွေက ပြည်နှင်ခွင့်မရခင် ပြန်ဖို့ တိုက်တွန်းနေကြပါတယ်။

ဆက်စပ် သတင်းများ

Most read