Homeအထူးသတင်းအမေရိကန်မှာ လူသန်းနဲ့ချီ ပါဝင်တဲ့ အစိုးရဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

အမေရိကန်မှာ လူသန်းနဲ့ချီ ပါဝင်တဲ့ အစိုးရဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

၁၉ အောက်တိုဘာ ၂၀၂၅

အမေရိကန်မှာ လူသန်းနဲ့ချီ ပါဝင်တဲ့ အစိုးရဆန့်ကျင်ရေး ချီတက်ဆန္ဒပြပွဲတွေပြုလုပ်နေပြီး၊ အဲဒီဆန္ဒပြပွဲမှာ နိုင်ငံရဲ့ ပြည်နယ် ၅၀ လုံးက လူသန်းနဲ့ချီ ပါဝင်ခဲ့တယ်လို့ The Guardian သတင်းစာရဲ့ဖော်ပြချက်အရ သိရပါတယ်။

အခုဆန္ဒပြပွဲဟာ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် အစိုးရရဲ့ မူဝါဒတွေဟာ အာဏာရှင်စနစ်ဆီ ပြောင်းလဲဦးတည်နေတာကို ဆန့်ကျင်ဖို့ဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် ဆန္ဒပြလှုပ်ရှားမှုတွေကို ဦးဆောင်နေသူတွေက အမေရိကန်မှာ ဘုရင်လို ပြုမူချင်သူတွေ ရှိမနေသင့်တာကြောင့် No Kings ဆိုင်းဘုတ်တွေနဲ့ ဆန္ဒပြပွဲကို လုပ်ဆောင်ကြတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ ဆန္ဒပြပွဲတွေကို အောက်တိုဘာ ၁၈ ရက်နေ့က စလို့ နိုင်ငံအနှံ့က မြို့ကြီးတွေ ၊ မြို့ငယ်တွေ၊ ကျေးရွာပေါင်း ၂၆၀၀ ကျော်လောက်မှာ ပြုလုပ်ခဲ့ပြီး ပါဝင်ပူး ပေါင်းသူ သန်းနဲ့ချီ များပြားခဲ့တယ်လို့ သိရပါတယ်။

နယူးယောက်မြို့ရဲ့ တိုင်းမ်စကွဲမှာတော့ ဆန္ဒပြသူ ၁ သိန်းကျော် ငြိမ်းငြိမ်းချမ်းချမ်း ချီတက်ခဲ့ပြီး ဖမ်းဆီးမှုတွေ မရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သလို ဘော်စတွန်၊ ဖီလာဒဲလ်ဖီးယား၊ ချီကာဂိုနဲ့ ဆီယက်တဲလ်၊ ဟူစတန်၊ ဆန်ဒီယေးဂိုးတို့လို မြို့ကြီးတွေမှာလည်း လူထောင်သောင်းချီပါဝင်တဲ့ ဆန္ဒပြ ချီတက်ပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး