Homeပြည်တွင်းသတင်းအမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့က ချီးမြှင့်တဲ့ The Edward Barsky Award ဆုကို ဒေါက်တာဇော်ဝေစိုး ရရှိ

အမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့က ချီးမြှင့်တဲ့ The Edward Barsky Award ဆုကို ဒေါက်တာဇော်ဝေစိုး ရရှိ

၂၅ အောက်တိုဘာ၊ ၂၀၂၄

၂၀၂၄ ခုနှစ်အတွက် The Edward Barsky Award ဆုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက လူ့အခွင့်အရေးနဲ့ လူမှုတရားမျှတမှုဆိုင်ရာ ကျန်းမာရေးလုပ်ဆောင်ချက်တွေအတွက် ရရှိခဲ့တယ်လို့ NUG က ကြေညာပါတယ်။ ဒီဆုဟာ အမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့က ကျန်းမာရေးတက်ကြွလှုပ်ရှားသူတွေအတွက် ပေးအပ်တဲ့ဆုဖြစ်ပါတယ်။

ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ CDM ကျန်းမာရေးလုပ်သားတွေအပေါ် စစ်တပ်က ဖိနှိပ်နေပေမယ့် NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက အရေးကြီးတဲ့ ဆေးဝါးဝန်ဆောင်မှုပေးပြီး ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ပေးပြီး မြန်မာပြည်သူတွေရဲ့ ကျန်းမာရေးခံစားခွင့်တွေကို ဆောင်ရွက်ပေးခဲ့တယ်လို့ The Edward Barsky Award ဆုချီးမြှင့်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၇ ရက်မှာ မင်နီဆိုးတားပြည်နယ်၊ မင်နီပူးလစ်မြို့မှာ အမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့က ဆုချီးမြှင့်ပွဲကို ဒေါက်တာဇော်ဝေစိုးကိုယ်တိုင်တက်ရောက်ရယူမယ်လို့ ဆုချီးမြှင့်မယ့်အဖွဲ့က သတင်းတွေ ထုတ်ပြန်ပေမယ့် NUG ဘက်က ထည့်သွင်းပြောဆိုတာမျိုး မရှိသေးပါဘူး။

အမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့က ကျန်းမာရေးတက်ကြွလှုပ်ရှားသူတွေရဲ့ တစ်ဦးချင်းလုပ်ဆောင်နိုင်မှုတွေအတွက် National Award အဖြစ် The Paul Cornely Award ၊ International Award အဖြစ် The Edward Barsky Award ကို ချီးမြှင့်တာဖြစ်ပါတယ်။

ပုံစာ – မက်ဆာချူးဆက်ပြည်နယ်က မြန်မာနွယ်ဖွားပြည်သူလူထုနဲ့တွေ့ဆုံစဉ် (ပုံဟောင်း)
Photo – NUG

ဆက်စပ် သတင်းများ

Most read