Homeနိုင်ငံတကာသတင်းအမေရိကန်နိုင်ငံ အာကန်းဆတ်က စူပါမားကတ်မှာ ပစ်ခတ်မှုဖြစ် သုံးယောက်သေ ၁၀ ယောက် ဒဏ်ရာရ

အမေရိကန်နိုင်ငံ အာကန်းဆတ်က စူပါမားကတ်မှာ ပစ်ခတ်မှုဖြစ် သုံးယောက်သေ ၁၀ ယောက် ဒဏ်ရာရ

အာကန်းဆတ်၊ ဇွန် ၂၂

အမေရိကန်ပြည်ထောင်စု အာကန်းဆတ်က စူပါမားကတ်တစ်ခုမှာ ဇွန် ၂၁ ရက်က သေနတ်သမားတစ်ယောက်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား သုံးယောက် သေဆုံးပြီး ရဲအရာရှိ နှစ်ယောက် အပါအဝင် အခြားလူ ၁၀ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အာကန်းဆတ်ပြည်နယ် ရဲတပ်ဖွဲ့က ပြောဆိုလိုက်ပါတယ်။

ပစ်ခတ်ခဲ့တဲ့ သေနတ်သမားကို ဖမ်းမိထားပြီး သူလည်း ဒဏ်ရာရခဲ့တယ်လို့ အာကန်းဆတ်ပြည်နယ် ရဲတပ်ဖွဲ့ ဒါရိုက်တာ မိုက် ဟက်ဂါက သတင်းထောက်တွေကို ပြောပါတယ်။

ပစ်ခတ်မှုဟာ အာကန်းဆတ်ပြည်နယ် က လစ်တဲ့လ် ရော့ခ်ရဲ့ တောင်ဘက် ၁၁၂ ကီလိုမီတာအကွာမှာရှိတဲ့ Mad Butcher စူပါမားကက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ပစ်ခတ်မှုဖြစ်ရတဲ့ အခြေအနေကိုတော့ ခုထိ ရှင်းရှင်းလင်း မထုတ်ပြန်နိုင်သေးတဲ့ အကြောင်းကို မိုက် ဟက်ဂါက ပြောပါတယ်။

Ref: Reuters

ဆက်စပ် သတင်းများ

Most read