၁၀ ဒီဇင်ဘာ၊ ၂၀၂၄
အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်အတွက် ရွေးခြယ်ချီးမြှင့်တဲ့ လူ့အခွင့်အရေးကာကွယ်သူဆုရရှိသူတွေ စာရင်းထဲမှာ မြန်မာနိုင်ငံသားတစ်ဦး ရရှိတယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ်အတွက် ဆုရရှိသူတွေထဲစာရင်းထဲမှာ မြန်မာနဲ့အတူ အဇာဘိုင်ဂျန်၊ ဘိုလီးဗီးယား၊ ကိုလံဘီယာ၊ အက်စဝါတီနီ၊ ဂါနာ၊ ကူဝိတ်နဲ့ ကာဂျစ်သမ္မတနိုင်ငံတို့က လူ့အခွင့်အရေးကာကွယ်သူတွေလည်း ရရှိပါတယ်။
ဆုရရှိသူတွေဟာ လူ့အခွင့်အရေးမြှင့်တင်ရေးမှာ ခေါင်းဆောင်မှု၊ ရဲစွမ်းသတ္တိ နဲ့ လူ့အခွင့်အရေးမြှင့်တင်နိုင်မှုတွေကို ပြသခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။
ဒီဇင်ဘာ ၁၀ရက် ဒေသစံတော်ချိန် နေ့လည် ၁ နာရီမှာ ကျင်းပမယ့် ဒီအခမ်းအနားကို ဝန်ကြီး Antony J. Blinken ကိုယ်တိုင်တက်ရောက်ဆုချီးမြှင့်မယ်လို့လည်း အမေရိကန်အစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာ ကြေညာထားပါတယ်။
ဒီဆုချီးမြှင့်ပွဲမှာ နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken ကိုယ်တိုင် တက်ရောက်ပြီး မိန့်ခွန်းပြောဆို ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။ အရပ်ဘက်လုံခြုံရေး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Uzra Zeya နဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Dafna Rand တို့လည်း တက်ရောက်မယ်လို့ အမေရိကန်အစိုးရက ထုတ်ပြန်ထား ပါတယ်။