Homeပြည်တွင်းသတင်းအမေရိကန်နိုင်ငံကို တရားမဝင်တင်သွင်းထားတဲ့ အစားအသောက်တွေအတွက် ပြည်သူ့ကျန်းမာရေး သတိပေးချက်ကို FSIS ထုတ်ပြန်

အမေရိကန်နိုင်ငံကို တရားမဝင်တင်သွင်းထားတဲ့ အစားအသောက်တွေအတွက် ပြည်သူ့ကျန်းမာရေး သတိပေးချက်ကို FSIS ထုတ်ပြန်

၁၇ ဩဂုတ်၊ ၂၀၂၄

အမေရိကန်စိုက်ပျိုးရေးဌာနရဲ့ အစားသောက်ဘေးကင်းရေးနဲ့စစ်ဆေးရေးဌာန – Food Safety and Inspection Service (FSIS)က တရားမဝင်တင်သွင်းလာတဲ့ မြန်မာစားသောက်ကုန်တွေနဲ့ပတ်သတ်ပြီး ပြည်သူ့ကျန်းမာရေး သတိပေးချက်ကို ဩဂုတ်လ ၁၆ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုကို အသားနဲ့ ကြက်သားထွက် ထုတ်ကုန်ပစ္စည်းတွေ တင်ပို့ရောင်းချဖို့ မသင့်တော်ကြောင်း ဖော်ပြထားပြီး ဆိုးရွားတဲ့ တုံ့ပြန်မှုတွေ မရှိသေးကြောင်းနဲ့ ဒီစားသောက်ကုန်တွေကို စားသောက်ပြီး နေထိုင်မကောင်းဖြစ်ခဲ့ရင် ကျန်းမာရေးဌာနတွေကို ဆက်သွယ်ဖို့ ကြေညာထားပါတယ်။

ဒီစားသောက်ကုန်တွေ နိုင်ငံတွင်းကိုဘယ်လိုဝင်ရောက်လာတယ်ဆိုတာကို ဆက်ပြီး စုံစမ်းသွားမယ်လို့ ဆိုပါတယ်။ စားသောက်ကုန် ၁၈ မျိုးရဲ့ တံဆိပ်နဲ့အမျိုးအစားတွေကို ကြေညာထားပြီး ဒီပစ္စည်းတွေဟာ နိုင်ငံတဝန်း လက်လီရောင်းချနေသူတွေက ရောင်းချနေကြောင်းနဲ့ ပြည်သူအများစားသုံးဖို့မသင့်တော်ကြောင်း FSIS က ထုတ်ပြန်ထားပါတယ်။

FSIS ဟာ ဒီစားသောက်ကုန်တွေကို လက်လီရောင်းချသူတစ်ဦးကို စောင့်ကြည့်နေတုန်းမှာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပုံစာ – (အမေရိကန် FSIS ထုတ်ပြန်ကြေညာချက်)

ဆက်စပ် သတင်းများ

Most read