အမေရိကန် စစ်လေယဥ်တွေ အီရန်နိုင်ငံအတွင်းမှာရှိတဲ့ နြူကလီးယားစီမံကိန်း စက်ရုံေတွရှိရာ သုံးနေရာကို ဒီနေ့မနက်က ဝင်ရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သမ္မတဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါတယ်။
အီရန်ရှိ တောင်တစ်ခုအောက်မှာ ပေရာပေါင်းများစွာတူးပြီး တည်ဆောက်ထားတဲ့ ဖော်ဒိုအမည်ရ နြူကလီးယားစီမံကိန်းနေရာကို အမေရိကန်ပိုင်ဆိုင်ထားတဲ့ ဗုံးကြဲလေယာဥ်ေတွနဲ့ ပေါင်သုံးထောင်အလေးချိန်ဗုံးေတွအသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။


