Homeပြည်တွင်းသတင်းအမရပူရမြို့နယ်မှာ အဖေဖြစ်သူနဲ့ ဦးလေး ရန်ဖြစ်စကားများတာကို ဝင်တားတဲ့ ၈ တန်းကျောင်းသားလေး ဓားထိုးခံရပြီး သေဆုံး

အမရပူရမြို့နယ်မှာ အဖေဖြစ်သူနဲ့ ဦးလေး ရန်ဖြစ်စကားများတာကို ဝင်တားတဲ့ ၈ တန်းကျောင်းသားလေး ဓားထိုးခံရပြီး သေဆုံး

စက်တင်ဘာ ၂၀၂၅

မန္တလေးမြို့ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာမှာ မနေ့က စက်တင်ဘာ ၄ ရက် ညနေ ၃နာရီအချိန်လောက်က အဖေဖြစ်သူနဲ့ ဉီးလေးတော်စပ်သူတို့ ရန်ဖြစ်စကားများတာကို ဝင်တားတဲ့ ၈ တန်းကျောင်းသားလေး ဓားထိုးခံရပြီး သေ ဆုံးခဲ့တဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

အသက်သေဆုံးသူ အသက် ၁၆ နှစ်ခန့်အရွယ် ၈တန်းကျောင်းသားလေးဟာ အဖေဖြစ်သူကိုကို ဦးလေးက စကားများရန်ဖြစ်တာကနေ ဓားနဲ့ဝင်ထိုးတာကို တားရာကနေ အထိုးခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဓားနဲ့ထိုးခံရတဲ့ ကလေးကို တမုတ်ဆိုး တိုက်နယ်ဆေးရုံကို ပို့ဆောင်ချိန် လမ်းမှာ ဘဲ အသက်ဆုံးရှုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဓားနဲ့ထိုးခဲ့တဲ့ ဦးလေးဖြစ်သူကိုတော့ စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့ က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-လူမှုကွန်ရက်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး