အစ္စရေး-အီရန် နှစ်နိုင်ငံအပစ်အခတ်ရပ်ဆဲလိုက်ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာပြီး နောက်ပိုင်း နာရီပိုင်းအတွင်းမှာဘဲ ပြန်လည်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြတာဟာ နှစ်ဘက်စလုံးအပစ် ရပ်သဘောတူညီချက်ကို ချိုးဖောက်တာဖြစ်တယ်လို့ ထရမ့် ပြောဆိုထားပါတယ်။
အီရန်ကို အကြီးစားတိုက်ခိုက်မှုသစ်တွေဆက်လက်လုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့တဲ့ အစ္စရေးကို ပိုမို မကျေမနပ် ဖြစ်ရတယ်လို့လည်း သူကပြောပါတယ်။
“အစ္စရေး..အဲဒီဗုံးတွေကို မကြဲချလိုက်နဲ့။ မင်းတို့ ကြဲချလိုက်ရင် မင်းတို့က အပစ်ရပ်သဘောတူညီချက်ကို ချိုး ဖောက်နေတာပဲ။ မင်းတို့ တိုက် လေယာဉ်မှူးတွေကို အခုချက်ချင်း အိမ်ပြန်လာခဲ့ကြတော့” လို့ ထရမ့်က သူရဲ့ Truth Social လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားထားတာကိုတွေ့ရပါတယ်။
ထရမ့်က အမည်ပေးထားတဲ့ “၁၂ ရက်ကြာ စစ်ပွဲ” ဟာ ဒီထက် ပိုမိုကြာမြင့်လာနိုင်တယ်လို့လည်းကမ္ဘာကျော် Time မဂ္ဂဇင်းက ရေးသားဖော်ပြထားပါတယ်။
အီရန်က အပစ်ရပ်သဘောတူညီချက်ကို ပြောင် ပြောင်တင်းတင်း ချိုးဖောက်ကာ မစ်ဆိုင်းဒုံးများနဲ့ အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့အတွက် လက် တုံ့ပြန်တာ ဖြစ်တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး Israel Katz က ပြောဆိုထားပါတယ်။
အီရန်ဘက်ကတော့ မစ်ဆိုင်းဒုံး တိုက်ခိုက်မှုတာဟာ သူတို့မလုပ်ဆောင်ခဲ့ဘူးလို့ ငြင်းဆန်ထား ပါတယ်။
နှစ်နိုင်ငံ အပစ်ရပ်သဘောတူညီချက်တယ်လို့ ကြေညာပြီးချိန်နောက်ပိုင်းမှာ အစ္စရေးက အီရန်ကို မိနစ် ၉၀ ကြာ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ဆောင်နေခဲ့တာလို့လည်း အီရန်ဘက်က စွပ်စွဲပြောဆိုထားပါတယ်။
ဓာတ်ပုံ – Reuters


