စစ်ကောက်စီတပ်အနေနဲ့ အပစ်ရက်သက်တမ်း ၁ လ တိုးထားတယ်လို့ ထုတ်ပြန်ကြေညာထားပြီးနောက် နောင်ချိုမြို့နယ်အတွင်းကို နေ့စဉ်လေကြောင်း၊ ဒရုန်း ၊လက်နက်ကြီးတွေနဲ့ တိုက်ခိုက်လျှက်ရှိတယ်လို့ TNLA က ထုတ်ပြန်အသိပေးထားပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ ၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်စဲရေး သက်တမ်း (၁)လ ထပ်တိုးတယ်လို့ ကြေညာခဲ့ပေမယ့် နောင်ချိုမြို့နယ်အနီးက တအာင်းတပ်မတော် PSLF/TNLA ရှိရာ သရက်ချို ရွာအနီးကို မေလ ၉ ရက်နေ့မှာ ထိုးစစ်ဆင်တိုက်ခိုက်လာယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က မေလ ၉ ရက်နေ့တစ်ရက်အတွင်း နောင်ချိုမြို့နယ်အတွင်းရှိ တိုက်ပွဲဖြစ်ပွားရာ ကျေးရွာ တွေဖြစ်တဲ့ သရက်ချိုရွာ ဒရုန်းနဲ့ ဗုံး(၅)လုံး နဲ့ လက်နက်ကြီးနဲ့ (၁၀)ကြိမ်၊နောင်လင်ကျေးရွာကို ဒရုန်းနဲ့ ဗုံး(၈)လုံး၊ လက်နက်ကြီးနဲ့ (၇)ကြိမ် ၊ယာပြင်ကျေးရွာကို ဒရုန်း ဗုံး(၂)လုံး နဲ့ အဆိပ်ငွေ့ဗုံးနဲ့ (၁၁)ကြိမ် ပစ်ခက်တိုက်ခိုက် ခဲ့တယ်လို့ အသိပေးထားပါတယ်။
ထိုပြင် စစ်ကောင်စီတပ်မှ တဲခေါ်ရွာမှနေ၍ နေ့လယ် (၁း၀၃)နာရီအချိန်တွင် ဒရုန်းဖြင့် ဗုံး(၉)လုံးနှင့် အဆိပ်ငွေ့ဗုံး (၄)လုံးဖြင့် အုမ္မတီးကျေးရွာတွင် လာရောက်ကြဲချခဲ့သည်။ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် (၁၈)ကြိမ်၊ အဆိပ်ငွေ့ဗုံးဖြင့် (၆)ကြိမ် တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာ တောင်လှကျေးရွာတွင် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
ညီနောင်မဟာမိတ် (၃)ဖွဲ့အနေနဲ့ ငလျင်ဒဏ်သင့်ပြည်သူတွေနဲ့ လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်တာမျိုး ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် (၁)လ သက်တမ်းထပ်တိုးကြောင်း မေလ ၁ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်တယ်လို့လည်းဆိုထားပါတယ်။
မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်မှ အပစ်ရပ်သက်တမ်း (၁)လတိုးထားသော်လည်း နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုတွေရှိနေတာကြောင့် စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိရန်လိုအပ်ကြောင်း သိပေးထားပါတယ်။
ဓာတ်ပုံ – PSLF/TNLA