Homeပြည်တွင်းသတင်းအပစ်ရပ်ဖို့ဆွေးနွေးမယ့် TNLA နယ်မြေ နောင်ချိုကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်ပြီး လက်နက်ကြီးနဲ့ပါပစ်ခတ်

အပစ်ရပ်ဖို့ဆွေးနွေးမယ့် TNLA နယ်မြေ နောင်ချိုကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်ပြီး လက်နက်ကြီးနဲ့ပါပစ်ခတ်

၁၆ ဖေဖော်ဝါရီ၊ ၂၀၂၅

တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ အပစ်အခတ် ရပ်ဖို့ဆွေးနွေးမယ်လို့ သတင်းတွေ ထွက်နေတဲ့ TNLA တပ်တွေ ထိန်းချုပ်ထားတဲ့ ကျောက်မဲခရိုင် နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံး ၁၇၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

နောင်ချိုမြိုနယ်အတွင်းက နာဆွေကျေးရွာ၊ အုမ္မတီးကျေးရွာ၊ ညောင်နီကျေးရွာနဲ့ တောင်ရွှေကျေးရွာတိုကို ဖေဖော်ဝါရီလ ၁၅ရက်မှာ တောင်ခမ်းစခန်းမှ ခမရ (၄၀၆)၊ တပ်ရင်း (၃၅၄)နဲ့ တပ်ရင်း (၉၀၂)တို့က လက်နက်ကြီးနဲ့ အလုံးရေ (၁၃၇)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။

ဒါ့အပြင် နေ့လယ် (၂း၀၃)နာရီအချိန်မှာ စစ်ကောင်စီလေတပ်က Y-12 လေယာဥ်တွေနဲ့ နာဆွေကျေးရွာအတွင်းကို ဗုံး (၃၈)လုံး လာရောက်ကြဲချခဲ့ပါတယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၀)ရက်ကလည်း မိုးကုတ်မြို့အနောက်ပိုင်း ကျောက်လုပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းကို အသုံးပြုပြီး ဗုံးအလုံး (၂၀)ဝန်းကျင် လာရောက်ကြဲချတိုက်ခိုက်တာကြောင့် ဒေသခံ (၅)ဦး သေဆုံးခဲ့ပြီး (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ပုံစာ – မိုးကုတ်မြို့ကို လေကြောင်းက တိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာရသူတွေကို ဒေသခံတွေ ကူညီနေစဉ် (ပုံဟောင်း)

ဓာတ်ပုံ – PSLF/TNLA

ဆက်စပ် သတင်းများ

Most read