Homeပေါ့တ်ကတ်စ်အပစ်ရပ်ကြေညာပြီးနောက် စစ်ကောင်စီကတိုက်ခိုက်မှု ၁၇၁ ကြိမ်ထက်မနည်းပြုလုပ်ခဲ့

အပစ်ရပ်ကြေညာပြီးနောက် စစ်ကောင်စီကတိုက်ခိုက်မှု ၁၇၁ ကြိမ်ထက်မနည်းပြုလုပ်ခဲ့

ဧပြီ ၂၆၊ ၂၀၂၅

ငလျင်အပြီး ဧပြီ ၂ ရက်နေ့မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်ဖို့အတွက်ဆိုပြီး စစ်ကောင်စီက ဧ​ပြီ ၂၂ ရက်အထိ အပစ်ရပ်ခဲ့ပေမယ့် တိုက်ခိုက်မှုပေါင်း အနည်းဆုံး ၁၇၁ ကြိမ်ပြုလုပ်ခဲ့တယ်လို့ ကုလသမ္မဂလူ့အခွင့်အရေးရုံးကသိရပါတယ်။

မတ်လ ၂၈ ရက် ကနေ ဧပြီ ၂၄ ရက်အထိ ဆိုရင် စစ်ကောင်စီတပ်ဟာ နည်းဆုံး တိုက်ခိုက်မှု ၂၀၇ ကြိမ်ပြုလုပ်ခဲ့ပြီး၊ အဲ့ဒီအထဲမှာ လေကြောင်း တိုက်ခိုက်မှု ၁၄၀ နဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု ၂၄ ကြိမ်ပါဝင်တယ်လို့ သိရပါတယ်။

အဲ့ဒီထဲကမှ တိုက်ခိုက်မှု ၇၃ ခုကို အကြမ်းဖက်စစ်ကောင်စီက ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ကုလသမ္မဂလူ့အခွင့်အရေးရုံးကပြောပါတယ်။

စစ်ခေါင်ဆောင်မင်းအောင်လှိုင်ဟာ မလေးရှားဝန်ကြီးချုပ်နဲ့ တွေ့ဆုံအပြီးမှာပဲ ဧပြီ ၃၀ ရက်အထိ အပစ်ရပ်သက်တမ်းတိုးကြေညာခဲ့ပါသေးတယ်။ ဒါပေမယ့် တိုက်ခိုက်မှုတွေက ဆက်ပြီးရှိနေပါတယ်။

တော်လှန်ရေးအဖွဲ့တွေကတော့ အပစ်ရပ်ပြီး နောက်ပိုင်း လေကြောင်းကနေ တိုက်ခိုက်တာ ၃ ကြိမ်ထက်မနည်းပြုလုပ်ခဲ့တယ်လို့ ကုလက ရတဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

ပုံစာ – ဧပြီလ (၂၄) ရက်က စေတုတ္တရာမြို့နယ်၊ လုံးစွန်ရွာကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်အပြီး မြင်ကွင်း

ဓါတ်ပုံ – ပြည်သူ့ လွတ်မြောက်ရေး အင်အားစု စေတုတ္တရာ

ဆက်စပ် သတင်းများ

Most read