TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ နောင်ချိုမြို့နယ်အတွင်းကို အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီတပ်က နှစ်ရက်ဆက် ဒရုန်း၊ဟောင်ဝေဇာတွေ အပြင် လေကြောင်းကနေဗုံး ကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။
မေလ (၁)ရက် ညနေ (၆း၄၅)နာရီအချိန်မှာ နောင်ချိုမြိုနယ်၊ လုံခံကျေး ရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက် တာနဲ့ ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး တောင်ခမ်းကျေးရွာရှိ (၃၅၄)တပ်စခန်းမှနေ၍ တအာင်း အမျိုးသားလွတ်မြောက်တပ်မ တော်-TNLA တည်ရှိရာကို ဒရုန်းတွေနဲ့ ဗုံးကြဲချခြင်း၊ ဟောင်ဝေဇာ လက်နက် ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဧပြီလ (၃၀)ရက် ည (၈း၃၀) နာရီအချိန်ကလည်း မိုးကုတ်မြိုအနောက်ပိုင်း၊ သစ်စိမ့်ကုန်း နဲ့ ကျောက် ပုတ်ကျေးရွာကြားကို လေကြောင်းနဲ့ ပေါင် (၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချခဲ့ကြောင်းနဲ့ ဧပြီလ အတွင်း စစ်ကောင်စီတပ်က နောင်ချိုမြိုနယ်အတွင်းကို လက်နက်ကြီး (၂၆)လုံး၊ အဆိပ်ငွေ့ ဗုံး (၃၇)လုံး နဲ့ လေကြောင်းမှ ဗုံး (၃၂)လုံး ပစ်ခိုက်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – PSLF/TNLA