ဧပြီလကုန်အထိ အပစ်ခတ်ရပ်စဲထားကြောင်း ကြေညာထားတဲ့ စစ်ကောင်စီတပ်က ပအိုဝ်းအမျိုးသား လွတ် မြောက်ရေးအဖွဲ့ချုပ်(PNLO) ဌာနချုပ်ဧရိယာအတွင်းက ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့ တယ်လို့ PNLO က ဒီကနေ့မှာထုတ်ပြန်ပါတယ်။
စစ်တပ်က အပစ်ရပ်ကြောင်းကြေညာပြီးနောက် ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ နံနက် ၈ နာရီမှ ၁၁ နာရီအထိ တိုက်ပွဲဖြစ်ပွားခြင်း စစ်ရေးလှုပ်ရှားခြင်းမှမရှိပဲ PNLOဌာနချုပ်ဧရိယာအတွင်းက ကျေးရွာတွေနဲ့ နောင်ထောင် ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီ နဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေက လွယ်ချယ်ကျေးရွာဘုန်းကြီး ကျောင်း နဲ့နောင်ကျောကျေးရွာတွေမှာ တပ်စွဲကာ PNLO ဌာနချုပ်အနီးရှိကျေးရွာတွေနဲ့ နောင်ထောဝ်ကျေးရွာကို ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ ၁ဝ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူလူထုရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ – PNLO