Homeပြည်တွင်းသတင်းအနည်းဆုံး လုပ်ခလစာ ကျပ် ၂၀၀၀၀ အထိတိုးမြှင့်ပေးဖို့ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် တောင်းဆို

အနည်းဆုံး လုပ်ခလစာ ကျပ် ၂၀၀၀၀ အထိတိုးမြှင့်ပေးဖို့ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် တောင်းဆို

မေ၊ ၂၀၂၅

တနေ့ အလုပ်ချိန် ၈ နာရီအတွက် ဖူလုံတဲ့ လုပ်ခလစာ အနည်းဆုံး အခကြေးငွေ ၂၀,၀၀၀ ကျပ် ပေးဖို့ အပါအဝင် အချက် ၅ ချက်ကို မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM)က ဒီနေ့ မေလ ၁ရက် အလုပ်သမားနေ့မှာ တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်အတွင်း လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးဖို့နဲ့ ဘေးကင်းလုံခြုံတဲ့အစီအမံတွေဆောင်ရွက်ပေးဖို့၊ အတင်းအဓ္ဓမ အလုပ်ခိုင်းစေမှုတွေ ချက်ချင်းရပ်တန့်ဖို့၊ အမျိုးသမီး အလုပ်သမများအတွက် လစဉ်သုံးဂွမ်းထုပ်တွေ လုပ်ငန်းခွင်မှာ အခမဲ့ ထားရှိပေးဖို့နဲ့လုပ်သမတွေ ကိုယ်ဝန်ဆောင်ချိန်နဲ့ ရာသီသွေးလာစဉ် စံချိန်သတ်မှတ်ချက်တွေ ထားရှိပြီး မခိုင်းဖို့လည်း ပါဝင်ပါတယ်။

အလုပ်သမားတွေကို ကိုယ်စားမပြုတဲ့ အတုအယောင် အလုပ်သမားအဖွဲ့အစည်း(Yellow Unions) ဖွဲ့စည်းတာတွေ မလုပ်ဖို့နဲပ လုပ်သမားသမဂ္ဂတွေကို အာဏာရှင်လက်ကိုင်တုတ် အလုပ်သမားဝန်ကြီးဌာနမှာ အဓမ္မ ဖိအားပေး မှတ်ပုံတင်ခိုင်းတာ။ အလုပ်သမားခေါင်းဆောင်တွေရဲ့ ကိုယ်ရေး အချက်အလက်တွေ ယူတာကို ရပ်တန့်ဖို့လည်းတောင်းဆိုထားပါတယ်။

နိုင်ငံတကာ အလုပ်သမား၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအင်အားစုတွေ အနေနဲ့လည်း စက်မှုဇုန်အလုပ်သမားတွေကို အဓမ္မစစ်မှုထမ်းစာရင်းသွင်း ပေါ်တာဆွဲတာနဲ့ နေရပ်ပြန် ရွှေပြောင်းအလုပ်သမားတွေကို အဓမ္မစစ်မှုထမ်း ခိုင်းစေတာတွရပ်တန့်ရေး စစ်အာဏာရှင်ကို ဖိအားပေးဖို့ လည်းတောင်းဆိုထားပါတယ်။

ဆက်စပ် သတင်းများ

Most read