စစ်တပ်က အဓမ္မ စစ်သားစုဆောင်းခဲ့တဲ့ စစ်မှုထမ်းတပ်သားသစ် နှစ်ဦး လက်နက်ခဲယမ်းတွေ ယူလာပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၃၃)ဒေါနတပ်ရင်းထံ အလင်းဝင်လာတယ်လို့ ဒေါနတပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
ရေးမြို့နယ်အခြေစိုက် ခမရ(၅၈၈)မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်သား ရန်လင်းထွန်း နဲ့ တပ်သား နေသူအောင်တို့မှာ စစ်တပ်ရဲ့ အဓမ္မ စစ်သားစုဆောင်းမှု ခံခဲ့ရသူတွေဖြစ်ပြီး သံဖြူဇရပ်မြို့နယ်၊ ဝဲဂလိ အခြေစိုက် အမှတ် (၄)တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်း တကက (၄) အပတ်စဥ် (၆)မှ သင်တန်း ဆင်းတပ်သားတွေဖြစ်တယ်လို့ အသိပေးထားပါတယ်။
ခမရ (၅၅၈)တပ်ရင်းမှတပ်သား ရန်လင်ထွန်းသည် (၁၀)တန်းကျောင်းအောင်မှာ ညဘက်အပြင်သွားနေစဥ် အတင်းအဓမ္မတပ်သားအဖြစ်စုဆောင်းခံခဲ့ရသူဖြစ်ပြီး တပ်သားနေသူအောင်မှာ မွေးရပ်ဇာတိတွင် တက္ကစီဆွဲ ခရီးသည်ပို့နေစဉ် အတင်းအဓမ္မစုဆောင်းခံရသူဖြစ်တယ်လို့လည်း ဆိုပါတယ်။
တပ်သား နှစ်ဦးရဲ့ ထွက်ဆိုချက်အရ စစ်တပ်ရဲ့ အာဏာရှင် စနစ်ကို မကြိုက်၍ အလင်းဝင်ဝင်လာခြင်းဖြစ်ပြီး စစ်ကောင်စီ နည်းမျိုးစုံဖြင့် စစ်သားစုဆောင်းထားတဲ့ ပြည်သူ့စစ်မှုထမ်း ၁၀၀ ဦးလျင် ၉၀ ဦးက ထွက်ပြေး ချင်နေကြကြောင်းပြောဆိုထားပြီး ၎င်းတို့နှစ်ဦးမှာလည်း စစ်ကောင်စီတပ်ကို ပြန်တော်လှန်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Dawna Column