Homeပြည်တွင်းသတင်းအဒီနိုရဲ့ ကျန်ရစ်ရုပ်အလောင်း မနက်ဖြန် ရေဝေးသုဿန်တွင် သဂြိုဟ်မည်

အဒီနိုရဲ့ ကျန်ရစ်ရုပ်အလောင်း မနက်ဖြန် ရေဝေးသုဿန်တွင် သဂြိုဟ်မည်

၂၇ အောက်တိုဘာ ၂၀၂၅

Fever 109 Band ရဲ့ပင်တိုင်အဆိုတော် အဒီနိုရဲ့ကျန်ရစ်ရုပ်အလောင်းကို မနက် ဖြန် အောက်တိုဘာ ၂၈ ရက်နေ့ မွန်းလွဲ ၁၁နာရီခွဲအချိန် ရေဝေးသုဿန်မှာ သဂြိုဟ်သွားမယ်လို့ သူ့ရဲ့မိသားစုဆီက‌နေ သိရပါတယ်။

မသဂြိုဟ်မီမှာ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ထုံးစံအရ ၈ မိုင် ဟေဗြုန်ညီအစ်ကိုများအသင်းတော်ခန်းမမှာ နောက်ဆုံးပြုအပ်တဲ့ဈာပနအစီအစဉ်ကို ပြု လုပ်သွားမယ်လို့ သိရပါတယ်။

အဒီနိုဟာ ကွယ်လွန်ချိန်မှာ အသက် ၃၇ နှစ်သာရှိသေးပြီး၊ သူဟာ heart attack ရဖူးလို့ နှလုံးထဲ stent ထည့်ထားရသူတဦးဖြစ်ပါတယ်။

လွန်ခဲ့တဲ့ရက် အောက်တိုဘာ ၂၅ ညပိုင်းက ရန်ကုန်မြို့မှာ Idiots Band ရဲ့နောက် ဆုံးနှုတ်ဆက်ဖျော်ဖြေပွဲပြုလုပ်နေစဉ် စစ်ကော်မရှင်ကို တော်လှန်ရင်း ကျဆုံးခဲ့ရတဲ့ အဆိုတော်ရေမွန်ရဲ့ ”မငိုနဲ့တော့” သီ ချင်းကို သီဆိုနေစဉ်မှာ စင်ပေါ်မှာ လဲကျ ကွယ်လွန်ခဲ့ဖြစ်ပါတယ်။

အဒီနိုကွယ်လွန်တာနဲ့ပတ်သက်ပြီး အဆို တော်အသိုင်းအဝိုင်း ဝမ်းနည်းကြောင်း နဲ့ ကောင်းရာဘုံဘဝရောက်စေဖို့ လူမှုကွန် ရက်စာမျက်နှာမှာရေးသားပြီးဆုတောင်းထားကြတာကိုလည်း တွေ့ရပါတယ်။

ဓာတ်ပုံ-Tracy yinmin tin

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး