Homeပြည်တွင်းသတင်းအထူးတိုင်းစစ်ဌာန စစ်ရေးလှုပ်ရှားနယ် မြေတွေအတွင်းမှာ စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲ လုံးဝပြုလုပ်ခွင့်မပြုဟု NUG ရဲ့ တိုင်းစစ်ဌာနအသိပေး

အထူးတိုင်းစစ်ဌာန စစ်ရေးလှုပ်ရှားနယ် မြေတွေအတွင်းမှာ စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲ လုံးဝပြုလုပ်ခွင့်မပြုဟု NUG ရဲ့ တိုင်းစစ်ဌာနအသိပေး

စက်တင်ဘာ ၂၀၂၅

အထူးတိုင်းစစ်ဌာန စစ်ရေးလှုပ်ရှားနယ် မြေတွေအတွင်းမှာ စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကို လုံးဝပြုလုပ်ခွင့် မပြုဘူးလို့ ဒီကနေ့ စက်တင်ဘာ ၃ ရက်နေ့ မှာ တိုင်းစစ်ဌာနအသိပေးလာတာဖြစ်ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲကိုအကြောင်း ပြုပြီး နယ်မြေချဲ့ထွင်တဲ့ ထိုးစစ်တွေကိုလည်း နယ်မြေ လုံးဝ (လုံးဝ)မဆုံးရှုံးစေရေး၊ ပြည်သူလူထုလုံခြုံရေးနဲ့ အကာ အကွယ်ပေးရေးတို့ကို ဦးစားပေးသွားမယ်လို့ ဆိုပါတယ်။

လတ်တလောမှာ စစ်တောင်းမြစ်ဝှမ်းကို အခြေပြုပြီး ပဲခူး၊ ရန်ကုန် စစ်ဆင်ရေးတွေကိုလည်း နီးစပ်ရာတိုင်းစစ်ဌာန‌တွေနဲ့

အတူ လက်တွဲချိတ်ဆက် ဖော်ဆောင် သွားမှာဖြစ်သလို ပြည်သူ့ကာကွယ်ရေးတပ်မတော် ( PDF)စစ်ရုံးချုပ်ရဲ့ မဟာ ဗျူဟာ စစ်ရေးရည်မှန်းချက်တွေ၊EROs တွေရဲ့စစ်ရေးရည်မှန်းချက်‌တွေ အတူ တကွ လက်တွဲဖော်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် အထူးတိုင်းစစ်ဌာနအနေနဲ့ပြည်သူလူထုသဘောဆန္ဒနဲ့အညီ စစ်အာဏာရှင်စနစ် ကို အပြီးတိုင်ချုပ် ငြိမ်း‌ ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ပေါ်ပေါက်တဲ့အထိ ခိုင်မာတဲ့ သန္ဓိဌာန်နဲ့ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ကတိသစ္စာပြုထားပါတယ်။

အမျိုးသားညီ ညွတ်ရေးအစိုးရ၊ ကာ ကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနဟာ ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာ အခြေ ပြု ဖွဲ့စည်းထားသတဲ့ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF)နည်းဗျူဟာတွေ၊ တပ်ရင်း/တပ်ဖွဲ့တွေ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့တွေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေနဲ့ စုဖွဲ့ထားတဲ့ တိုင်းစစ်ဌာနတခုဖြစ် ပါတယ်။

ဓာတ်ပုံ-အထူးတိုင်းစစ်ဌာန

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး