Homeပြည်တွင်းသတင်းအတူနေအခန်းဖော်ချင်းစကားများရာက တူနဲ့ ထုသတ်လို့ သေဆုံးမှု ပြစ်မှုကျူး လွန်သူကို UWSA/ UWSP သေဒဏ်ချမှတ်

အတူနေအခန်းဖော်ချင်းစကားများရာက တူနဲ့ ထုသတ်လို့ သေဆုံးမှု ပြစ်မှုကျူး လွန်သူကို UWSA/ UWSP သေဒဏ်ချမှတ်

၂၇ ဒီဇင်ဘာ ၂၀၂၅

“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ် မတော် – UWSA ထိန်းချုပ်နယ်မြေ၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့မြို့မှာ အတူနေအခန်းဖော်ချင်းစကားများရာက တူနဲ့ထုသတ်လို့ သေဆုံးခဲတဲ့အမှုမှာ ပြစ်မှုကျူးလွန်သူကို UWSA/ UWSP ဒီကနေ့ ဒီဇင်ဘာ ၂၇ရက်နေ့မှာ သေဒဏ်စီရင်ချက်ချမှတ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

ပြစ်မှုကျူးလွန်သူဟာ အသက် ၂၄ နှစ်အရွယ ‌စိုင်းအောင်လင်းဦး ဖြစ်ပြီး ရှမ်းပြည် နယ် ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ကံကြီးအုပ်စု လက်ပံကုန်းရွာက ဖြစ်ပြီးသေ ဆုံးသူဟာ တအာင်း လူမျိုး အသက် ၃၅ နှစ်အရွယ် မောင်ကျော်လွင် (ခ)ကိုလှ ဖြစ်ပြီး ရှမ်းပြည်နယ် မိုင်းမောမြို့နယ် ပန်ကွဲကျေးရွာအုပ်စုက ဖြစ်တယ်လို့ သိရပါတယ်။

သူတို့နှစ်ဦးလုံးဟာ ဟိုပန်မြို့မှာ အလုပ်လာလုပ်ကြသူတွေဖြစ်ကြပြီး အခန်းတစ်ခန်းမှာ စကားအချေတင်ဖြစ်ကြရာက‌ နေနဲ့ ထုသတ်ခဲ့တဲ့အထိ ကျူးလွန်မိခဲ့တာလို့ ဆိုပါတယ်။

ဒီပြစ်မှုအတွက် UWSA တရားစီရင်ရေးဌာနက “ဝ” ပြည်နယ်အခြေခံဥပဒေ ရာဇ ဝတ်မှုဆိုင်ရာဥပဒေ အခန်း (၄)အရ “နိုင်ငံသား၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အခွင့် အရေးများနှင့် ဒီမိုကရေစီအခွင့်အရေးများကို ချိုးဖောက်ခြင်းဆိုင်ရာပြစ်မှု၊ ပုဒ်မ(၁၉၁) ရည်ရွယ်ချက်ရှိရှိ လူသတ်မှုအရ သက်သေအထောက်အထား ခိုင်လုံ သောကြောင့် ပြစ်မှုအထမြောက်ကြောင်း သတ်မှတ်ခဲ့ပါသည်။”ဟု ဆိုထားသည်။

ဒါ့ကြောင့် စုံစမ်းစစ်ဆေးမှုတွေကို အဆင့်ဆင့် အစီရင်ခံပြီးနောက် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော် မတီက တရားခံ စိုင်းအောင်လင်းဦးကို ရည်ရွယ်ချက်ရှိရှိ လူသတ်မှုနဲ့ သေဒဏ်ချမှတ်ခဲ့တာဘဲဖြစ်ပါတယ်။

တရားစီရင်ရေး အခမ်းအနားကို ဒီကနေ့ မနက် မြန်မာစံတော်ချိန် ၈ နာရီ ကျော်မှာ ဟိုပန်မြို့ယဥ်ကျေးမှုကွင်းမှာ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာခရိုင် ဌာနအသီးသီးက တာဝန်ရှိ လူကြီးတွေအပြင် ဒေသခံပြည်သူတွေကိုလည်း တစ်အိမ်တစ်ယောက် လာရောက်ကြည့်ရှု့စေခဲ့တယ်လို့သိရပါတယ်။

ကိုးကား-Wa News Land

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး