Homeပြည်တွင်းသတင်းအဆိုတော်အနဂ္ဂရဲ့ ဇနီး အဆိုတော်သံသာဝင် ထောင်ကျနေဟုဆို

အဆိုတော်အနဂ္ဂရဲ့ ဇနီး အဆိုတော်သံသာဝင် ထောင်ကျနေဟုဆို

၁၀ ဇူလိုင် ၂၀၂၅

အဆိုတော် အနဂ္ဂရဲ့ ဇနီးဖြစ်သူ အဆိုတော် သံသာဝင်ဟာ အကျဉ်းထောင်ထဲမှာ အကျဉ်းကျခံနေရတယ်လို့ မိသားစုနဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ထုတ်ဖော်ပြောဆိုလာကြပါတယ်။

အဆိုတော်သံသာဝင်းဟာ အဆိုတော် နွဲ့ယဉ်ဝင်းရဲ့ သမီးလည်း ဖြစ်ပြီး ခင်ပွန်းဖြစ်သူ အဆိုတော် အနဂ္ဂဟာ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်တဲ့ ကိစ္စတွေ လုပ်ဆောင်တာကြောင့် ခုလို ဇနီးဖြစ်သူကို ဖမ်းဆီးထားတာဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

သူနဲ့ပတ်သက်ပြီး “ပထမတော့ ကိုယ်မပြောချင်လို့ လုံးဝ လျှို့ဝှက်ထားတာပါပဲ။ ဒီရက်ပိုင်းမှာ ကိုယ်သိပ်စိတ်ပူနေရတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ အရုပ်လေးလိုချစ်စရာသိပ်ကောင်းပြီးလှတဲ့မျက်နှာလေးနဲ့ လူကောင်က သေးသေးလေး။ ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်တတ်ပြီး သီချင်းချိုချိုလေးတွေဆိုတဲ့ အဆိုတော်ကောင်မလေး။ ဒီနေ့ ဆုံးရှုံးမှုကို ကြားလိုက်ပြီးတဲ့အချိန် ပထမဆုံး သတိရလိုက်တာ သူမလေးကို ပါပဲ။ ချလိုက်တဲ့ပြစ်ဒါဏ်နဲ့ မလိုက်မဖက်ထောင်ထဲမှာ ကျန်းမာနေပါစေ။လောကဓံကိုကြံ့ကြံ့ခံနိုင်အောင် သန်စွမ်းလာပါစေ ကလေး လေးရေ”လို့ ဟန်နီထွန်းဆိုတဲ့ Facebook အကောင့်မှာ ရေးသားထားပါတယ်။

ဒါပေမယ့် အဆိုတော်သံသာဝင်းကို ဘယ်ပုဒ်မနဲ့ ဖမ်းဆီးပြီး ဘယ်အကျဉ်းထောင်မှာ ဖမ်းဆီးထားလဲ ဆိုတာတော့မသိရသေးတာကြောင့် New Day Myanmar သတင်းဌာနက ဆက်လက်စုံစမ်းဖော်ပြသွားပါမယ်။

ဓါတ်ပုံ – သံသာဝင်း Facebook အကောင့်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး