Homeအထူးသတင်းအစ္စရေးနဲ့ အီရန်အကြား အပစ်အခတ်ရပ်ပြီ

အစ္စရေးနဲ့ အီရန်အကြား အပစ်အခတ်ရပ်ပြီ

၂၄ ဇွန်၊ ၂၀၂၅

အစ္စရေးနဲ့အီရန်နိုင်ငံတို့အကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံ အပစ်အ ခတ် ရပ်စဲရေး သဘောတူညီမှုရပြီလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ကြေညာခဲ့ပါတယ်။

အပစ်အခတ် ရပ်စဲရာမှာ ၂၄ နာရီအတွင်းအဆင့်လိုက်လုပ်ဆောင်သွားမှာဖြစ်ပြီး အီရန်ဘက်က အပစ်အခတ် ၁၂ နာရီကြာစတင်ရပ်ပြီးနောက် အစ္စရေးဘက်ကလည်း ၁၂ နာရီကြာ အပစ်အခတ်ရပ်ကြမှာလို့ သိရပါတယ်။

အစ္စရေးနဲ့အီရန်တို့အကြား ၁၂ ရက်ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေဟာလည်း မကြာမီမှာ တရားဝင်အဆုံးသတ်သွားတော့မှာလို့ ထရမ့်က ရေးသားထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး