Homeပြည်တွင်းသတင်းအင်းလျားကန် အတွင်းတွေ့ရတဲ့ ရုပ်အလောင်းဟာ ရခိုင်အမျိုးသားပါတီ ANP ရဲ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်းဖြစ်နေ

အင်းလျားကန် အတွင်းတွေ့ရတဲ့ ရုပ်အလောင်းဟာ ရခိုင်အမျိုးသားပါတီ ANP ရဲ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်းဖြစ်နေ

၁၅ ဩဂုတ် ၂၀၂၅

ရန်ကုန်မြို့၊ အင်းလျားကန်အတွင်းမှာ ဩဂုတ်လ ၁၃ ရက်ညပိုင်း တွေရတဲ့ ရုပ်အလောင်းဟာပျောက်ဆုံးနေတဲ့ ရခိုင်အမျိုးသားပါတီ ANP စစ်တွေမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအေးသိန်းဖြစ်တယ်လို့ သိရပါတယ်။

ဦးအေးသိန်းဟာ သြဂုတ် ၁၃ ရက်က ပျောက်ဆုံးခဲ့တာ​ကြောင့် မိသားစုဝင်တွေက ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လူပျောက်ကြော်ငြာတင်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် သူရဲ့ အလောင်းကို မြန်မာပလာဇာရှေ့က အင်းလျားကန်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအေးသိန်းမှာ ဆီးကျိတ်ကင်ဆာရောဂါ ခံစားနေရသူဖြစ်ပြီး စစ်တွေကနေ ရန်ကုန်မြို့တွင် လာရောက်ဆေးကုသမှုခံယူနေခြင်းဖြစ်ကာ ရန်ကုန်တွင် မိသားစုများနှင့် နေထိုင်နေသူဖြစ်တယ်လို့လည်း သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး