Homeပြည်တွင်းသတင်းအင်းစိန် CID ရုံး ဖောက်ခွဲတိုက်ခိုက်ခံရ

အင်းစိန် CID ရုံး ဖောက်ခွဲတိုက်ခိုက်ခံရ

၂၀ မတ်၊ ၂၀၂၅

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းမကြီးဘေးမှာရှိတဲ့ အမှတ် ၂ မှုခင်းရဲတပ်ဖွဲ့ခွဲ၊ မှုခင်းရဲတပ်ဖွဲ့(CID)ရုံးကို မတ် ၁၉ ရက်နေ့ ည ၈ နာရီကျော်က မိုင်းခွဲတိုက်ခိုက်ခံရတယ်လို့ New Day Myanmar ကစုံစမ်းသိရပါတယ်။

Rangoon Urban Column (RUC) ကတော့ CID ရုံးကို အဝေးထိန်းမိုင်း အကြီးစားနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်ကင်းသမား တချို့ ထိခိုက်မှု ရှိခဲ့ပြီး တဦး ပြင်းထန်ဒဏ်ရာ ရရှိကာ ဆေးရုံကို ခေါ်ဆောင်သွားတယ်လို့ မြေပြင်သတင်းပေးတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး RUC က ထုတ်ပြန်ပါတယ်။

“မိုင်းက သာမန် ၃ လုံးစာကို ၁ လုံးတည်းပေါင်းပြီး မိုင်းကြီးဆင်တဲ့သဘောပေါ့။ ဂိတ်ဘေး ကပ်ချခဲ့တာပါ” လို့ RUC စစ်ကြောင်း တာဝန်ခံ ကိုရဲခေါင်က ပြောပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်သူ တဦးကတော့ CID ရုံးမှာ ပေါက်ကွဲမှု အမှန်တကယ်ဖြစ်ပွားခဲ့ပေမယ့် ထိခိုက်ဒဏ်ရာ ရရှိမှုအခြေအနေကို တော့ အတည်မပြုနိုင်ဘူးလို့ ပြောပါတယ်။

ဓါတ်ပုံ – CJ

ဆက်စပ် သတင်းများ

Most read