ရန်ကုန်တိုင်း ၊အင်းစိန်မြို့နယ်မှာ အမှတ် ၆၅ YBS ယာဉ်တစ်စီးဟာ ဘရိတ်ပေါက်ပြီး လမ်းလျှောက်လာတဲ့အမျိုးသားတစ်ဦးကို ဝင်တိုက်မိလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။
အဲ့ဒီဖြစ်စဉ်ဟာ ဒီကနေ့ ဇန်နဝါရီ ၅ ရက် မွန်းလွဲပိုင်းအချိန်မှာ အင်းစိန်မြို့နယ်၊ရွာမအရှေ့ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းမကြီးပေါ်မှာ လမ်းလျှောက်နေတဲ့ အမျိုးသားကို ဝင်တိုက်မိတာဖြစ်ပါတယ်။
ဘရိတ်ပေါက်တဲ့ YBS ယာဉ်ဟာ အနီးမှာရှိတဲ့ ဈေးဆိုင်အချို့ကိုလည်းတိုက်မိခဲ့သေးပြီး၊ သေဆုံးသူအမျိုးသားကို ကနောင် နာကူ/ရှင်ကူ အသင်းယာဉ်နဲ့ အင်းစိန်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့မှာ ဇန်နဝါရီ ၁ ရက်က ယာဉ်တိုက်မှူကြောင့် ငါးဦးသေဆုံးခဲ့ပြီး ဇန်န ဝါရီ ၃ရက်မှာလည်း ယာဉ်တိုက်မှုကြောင့် တစ်ဦးသေဆုံးခဲ့ပါသေးတယ်။
ဓာတ်ပုံ-Thurein Tun


