Homeပြည်တွင်းသတင်းအင်းစိန်မှာ အမျိုးသမီးတဦးကို Light Truck ကားက ဝင်တိုက်ပြီး ဆေးရုံပို့ပေးမယ်လို့ ပြောဆိုခေါ်ဆောင်ကာ လမ်း‌ဘေးမှာစွန့်ပစ်ခံထားရ

အင်းစိန်မှာ အမျိုးသမီးတဦးကို Light Truck ကားက ဝင်တိုက်ပြီး ဆေးရုံပို့ပေးမယ်လို့ ပြောဆိုခေါ်ဆောင်ကာ လမ်း‌ဘေးမှာစွန့်ပစ်ခံထားရ

၂၉ အောက်တိုဘာ ၂၀၂၅

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်အတွင်းမှာ အမျိုးသမီးတဦးကို Light Truck ကားကဝင်တိုက်ပြီး ဆေးရုံပို့ပေးမယ်လို့ ပြောဆိုခေါ်ဆောင်ကာ လမ်း‌ဘေးမှာ စွန့်ပစ်ခံထားရတဲ့ဖြစ်စဉ်ကြောင့် ရန်ကုန်နေလူ ထုအကြား ဝေဖန်တာတွေ မြင့်တက်နေပါတယ်။

အဲဒီဖြစ်စဉ်ဟာ ဒီကနေ့ အောက်တို ဘာ လ ၂၉ ရက်နေ့ နံနက်အစောပိုင်းက အင်းစိန်မြို့နယ် ဘုရင့်နောင်လမ်းမပေါ်မှာ အသက် ၄၀ အရွယ်အမျိုးသမီးတဦးကိုဝင်တိုက်ပြီး အဲဒီအမျိုးသမီးကို ဆေးရုံကို ပို့ဆောင်ပေးမယ်လို့ဆိုပြီး ကားပေါ် တင်သွားကာ ရွှေပြည်သာမြို့နယ် စက်မှုဇုန် ၄ လမ်းတနေရာမှာ စွန့်ပစ်ခဲ့တာဘဲဖြစ်ပါတယ်။

ဒေသခံပြည်သူတွေရဲ့သတင်းပေးချက်အရ ‌ဒေသခံကနောင်အသင်းက စွန့်ပစ်ခံထားရတဲ့ အမျိုးသမီးကိုဆေးရုံကိုပို့ဆောင်ထားပြီးအမျိုးသမီးမှာဦးခေါင်းပေါက်ပြဲ၊ ခြေသလုံးရိုးကျိုးပြီး ငေါထွက်ခဲ့သလို အခြားထိခိုက်ဒဏ်ရာများလဲ ရရှိခဲ့တယ်လို့ သိရပါတယ်။

စွန့်ပစ်ခံရတဲ့ အမျိုးသမီးရဲ့ ဒဏ်ရာအ‌ခြေအနေနဲ့ ဝင်တိုက်ပြီး စွန့်ပစ်ခဲ့တာယာဉ်မောင်းကို ဖမ်းဆီးရမိတာမျိုး ရှိ/မရှိအခြေအ‌နေအတွက် New Day Myanmar က ကနောင်အသင်းကို ဆက်သွယ်နေဆဲဖြစ်ပါတယ်။

ဝင်တိုက်တဲ့ Light Truck ကားရဲ့ ယာဉ်အမှတ်ဟာ 8B -1709 ဖြစ်တယ်လို့ မျှဝေထားတာကိုတွေ့ရပါတယ်။

ဓာတ်ပုံ–ကိုသူရိန်(ကနောင်)

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး