Homeပြည်တွင်းသတင်းအင်းစိန်မှာ လူငယ်တွေ ပါတဲ့ ကားကို တားစစ်ပြီး ရိုက်နှက်ဖမ်းဆီး

အင်းစိန်မှာ လူငယ်တွေ ပါတဲ့ ကားကို တားစစ်ပြီး ရိုက်နှက်ဖမ်းဆီး

၂၀ မေ၊ ၂၀၂၅

မေလ ၂၀ ရက်နေ့ နေ့လည် ၁၁ နာရီ ၂၀ မိနစ်ခန့်က ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဗဟိုလမ်း၊ BPI ဆေးဝါးစက်ရုံ နီးကို စစ်ကား ၂ စီးနဲ့ စစ်ကောင်စီီတပ်သားတွေ ရောက်ရှိလာပြီး ရောက်ရှိလာပြီး အိမ်စီးကား ၁ စီးကို တားစစ်ကာ ကားပေါ်ပါတဲ့ ယောကျ်ားလေး ၄ ဦးကို ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ Rangoon Scout Network က သိရပါတယ်။

သေနတ်ဒင်တွေနဲ့ ရိုက်နှက်ခဲ့တာဖြစ်ပြီး အိမ်စီးကားကိုလည်း စစ်ကောင်စီတပ်သားတွေကမောင်းယူသွားခဲ့တယ်လို့ သိရပါတယ်။

“သွေးတွေတောင် လမ်းပေါ်ကျန်ခဲ့တယ်။ မင်းတို့ဘာကောင်တွေလဲဆိုပြီး သေနတ်တွေနဲ့ရိုက်ပြီး ဆွဲတင်သွားတယ်။ ကောင်လေးတွေက 19/20 ဝန်းကျင်လေးတွေ။ တစ်ယောက်ကိုပဲ လက်ထိပ်ခက်ပြီး ကျန်တာတွေက ဆွဲတင်သွားတယ်။” ဟု ဒေသခံတဦးရဲ့ ပြောကြားချက်ကို Rangoon Scout Network က ဖော်ပြပါတယ်။

ဆက်စပ် သတင်းများ

Most read