၁၂ အောက်တိုဘာ ၂၀၂၅
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ လမ်းသစ်လမ်းမှာရှိတဲ့ တည်းခိုခန်းတခုဟာ အောက်တိုဘာ ၁၁ ရက်နေ့ ည ၇နာရီအချိန်ခန့်မှာ Level 1 အဆင့် မီးလောင်ကျွမ်းခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီတည်းခိုခန်းဟာ အာလိန်ငါးဆင့်ဘုရားရှေ့က မြင့်မိုရ်တည်းခိုခန်းဖြစ်ပြီး တည်းခိုခန်းတခုလုံးနီးပါးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ပတ်ဝန်းကျင်ကိုတော့ မီးကူးစက်လောင်ကျွမ်းတာမျိုးမရှိဘူးလို့ မြို့
နယ်နေသူတဦးက New Day Myanmar ကိုပြောပါတယ်။
“ဘေးဘက်တွေကိုတော့မကူးသွားဘူး။ ခြံကျယ်တော့ သူ့တလုံးဘဲ လောင်သွားတာ။ထိခိုက်သေဆုံးတာတော့ မတွေ့မိပါဘူး”လို့ ပြောပါတယ်။
မီးဘယ်လိုစလောင်တယ်ဆိုတာကို စစ် ဆေးနေပြီး၊ အခုကာလပေါက်ဈေးနဲ့ဆိုသိန်းထောင်ကျော်ဆုံးရှူံးနိုင်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းမှာ အခုအောက်တိုဘာလအတွင်း ၁၁ ကြိမ်ခန့် မီးလောင်ကျွမ်းတာတွေဖြစ်ပွားခဲ့ပြီးဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။
ဓာတ်ပုံ-MFSD


