Homeပြည်တွင်းသတင်းအင်းစိန်ထောင်ဆေးရုံမှာ အကျဉ်းသားအခန်းလူကြီးက နိုင်ငံရေးအကျဉ်းသားတစ်ဦးကို မုဒိမ်းပြုကျင့်

အင်းစိန်ထောင်ဆေးရုံမှာ အကျဉ်းသားအခန်းလူကြီးက နိုင်ငံရေးအကျဉ်းသားတစ်ဦးကို မုဒိမ်းပြုကျင့်

၄ စက်တင်ဘာ၊၂၀၂၄

အင်းစိန်ထောင်အတွင်းက ထောင်ဆေးရုံမှာ တီဘီရောဂါအတွက် တီဘီသမားတွေထားတဲ့ အခန်းမှာ ဆေးကုသမှုခံယူနေတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အကျဉ်းသားအခန်းလူကြီးက မုဒိမ်းပြု ကျင့်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ ထုတ်ပြန်လာ မှုအရ သိရပါတယ်။

ပုဒ်မ(၅၀)ညနဲ့ ထောင်ဒဏ်(၁၁)နှစ်ချမှတ်ခံထားရသူ အသက်(၂၅)နှစ်အရွယ် နိုင်ငံရေးအကျဉ်း သားတစ်ဦး ကို ပုဒ်မ ၃၇၆ မုဒိန်းမှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ကျခံနေရတဲ့ အကျဉ်းသားအခန်းလူကြီး ဇင်မျိုးကို (ခ) မျိုးကြီး (ဘ) ဦးမျိုးမင်းဆွေက ဩဂုတ်လ ၂၀ ရက်နေ့ မနက် ၃ နာရီဝန်းကျင်မှာ ခြိမ်းခြောက်ထိုးကြိတ်ပြီး အလိုမတူပဲ ပြုကျင့်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်အပေါ် အဆောင်မှူး အောင်ကျော်ဆင့်ဆိုသူက ကျူးလွန်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်း သားအတွက် ကျူးလွန်ခဲ့သူ အခန်းသူကြီး ဇင်မျိုးကို(ခ)မျိုးကြီးကို ထိရောက်တဲ့ အပြစ်ပေး အရေးယူဆောင်ရွက်မှု မပြုတဲ့ အပြင် အဆိုပါ မုဒိမ်းမှုဖြစ်ပွားခဲ့တဲ့ သတင်းကို ဖုံးကွယ်ပေးခဲ့ပြီး ထောင်ပြင်ပနဲ့ အကျဉ်းထောင်အတွင်း ထိုသတင်းပေါက်ကြားပါက ကျူးလွန်ခံရသူနဲ့ ကျူးလွန် သူနှစ်ဦးစလုံးကို တိုက်ပိတ်အရေးယူမယ်လို့ ခြိမ်းခြောက်ပြောဆို နှုတ်ပိတ်ခဲ့တယ်လို့ PPNM က ဖော်ပြပါတယ်။

အဆောင်မှူးအောင်ကျော်ဆင့်ဆိုသူမှာ အင်းစိန်ထောင်ပိုင် ဇော်လင်းအောင်ရဲ့ တပည့်အရင်းဖြစ် ကြောင်း၊ ၎င်းတာဝန်ယူ အုပ်ချုပ်ခွင့်ရတဲ့ အဆောင်အတွင်း ငွေကြေးရယူပြီး ရာဇဝတ် အကျဉ်း သားတွေကို အကျဉ်းသားအချင်းချင်း အုပ်ချုပ်ရတဲ့ ရာထူးအာဏာတွေပေးထားပြီး အဆိုပါ အကျဥ်း သားတွေမှ နိုင်ငံရေးအကျဉ်းသားတွေကို လူမဆန်စွာ ဆက်ဆံခြင်း ၊ ရိုက်နှက်ခြင်း ၊ ခြိမ်းခြောက် ငွေညှစ်ခြင်း၊ ယခုဖြစ်စဉ်ကဲ့သို့ အလိုမတူပဲ မုဒိမ်းပြုကျင့်မှုတွေကို ဖုံးကွယ်ပေးခြင်းနဲ့ ထောင်တွင်းစီး ပွားရှာဖွေလျက်ရှိသူဖြစ်တယ်လို့လည်း PPNM က ဆိုပါတယ်။

ဒီလို အကျဉ်းထောင်တွင်း လူ့အခွင့်အရေး၊အကျဉ်းသားအခွင့်အရေးကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက် နေတဲ့အကျဉ်းဦးစီးဝန်ထမ်းများ၊အကျဉ်းဦးစီးဝန်ထမ်းရဲ့ လက်ကိုင်တုတ်များကို ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့လည်း PPNM က အသိပေး ထုတ်ပြန်ပါတယ်။

Photo- PPNM

ဆက်စပ် သတင်းများ

Most read