Homeပြည်တွင်းသတင်းအင်ကြင်းမြိုင်တပ်စခန်းမှရရှိတဲ့ လေယာဉ်ပစ်လက်နက်တွေအတွက် လေ့ကျင့်ပြင်စီးပြီးကြောင်းနဲ့ စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းတွေ အမြန်ဆုံးလက်နက်ချဖို့ MDY PDF တိုက်တွန်း

အင်ကြင်းမြိုင်တပ်စခန်းမှရရှိတဲ့ လေယာဉ်ပစ်လက်နက်တွေအတွက် လေ့ကျင့်ပြင်စီးပြီးကြောင်းနဲ့ စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းတွေ အမြန်ဆုံးလက်နက်ချဖို့ MDY PDF တိုက်တွန်း

၁၁ ဇူလိုင်၊၂၀၂၄

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ မတ္တရာမြို့နယ် အင်ကြင်းမြိုင်တပ်စခန်းမှရရှိတဲ့ လေယာဉ်ပစ် စက်သေနတ်အကြီးတွေနဲ့ပက်သက်လို့ လေ့ကျင့်ပြင်ဆင်ပြီးဖြစ်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန် အသိပေးလာပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ TNLA ဦးဆောင်တဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေဟာ နောင်ချိုမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ အမတ (၆၀၆) တပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး နောင်ချိုမြို့နယ်တစ်ခုလုံးကို မိမိတို့ တော်လှန်ရေးတပ်ဖွဲ့တွေမှ အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်းနဲ့ စစ်ကောင်စီလုံးဝကင်းစင်တဲ့ မြို့နယ်တစ်ခု ဖြစ်လာခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီရဲ့ ခမရ(၁၁၄) ၊ ခမရ(၁၁၅) နဲ့ အမတ(၆၀၆) တပ်စခန်းတွေမှ အတွဲလိုက်ပစ်ဒုံးလက်နက်တွေအပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့ပြီး သုံ့ပန်းများလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းတွေကို အမြန်ဆုံး လက်နက်ချအလင်းဝင်ဖို့ တိုက်တွန်းကြောင်းနဲ့ လက်နက်ချအလင်းဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကောင်းမွန်စွာ ရှင်သန်နေ ထိုင်ခွင့်ပြုသွားမယ်လို့ ဆိုထားပါတယ်။

လက်နက်မချတဲ့ တပ်စခန်းတွေကို မိမိပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေမှ ပြင်းပြင်းထန်ထန် ဆက်လက်ထိုးစစ်ဆင် ချေမှုန်းသွားဖြစ်တယ်လို့လည်း ထုတ်ပြန်အသိပေးထားပါတယ်။

Photo- MDY PDF

ဆက်စပ် သတင်းများ

Most read