Homeပြည်တွင်းသတင်းအကျဥ်းထောင်တွေအတွင်း ရက်လွန်ဆေးဝါးတွေမပေးဖို့နဲ့ လုံလောက်တဲ့ ဆေးကုသမှုတွေပေးဖို့ WOPP တောင်းဆို

အကျဥ်းထောင်တွေအတွင်း ရက်လွန်ဆေးဝါးတွေမပေးဖို့နဲ့ လုံလောက်တဲ့ ဆေးကုသမှုတွေပေးဖို့ WOPP တောင်းဆို

၅ မေ ၊ ၂၀၂၅

မြန်မာနိုင်ငံတဝန်းက အကျဉ်းထောင်တွေအတွင်း နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေအပါအဝင် အခြား အကျဉ်းသား အကျဉ်းသူတွေ ကို ရက်လွန်ဆေးဝါးတွေမပေးဖို့နဲ့ လုံလောက်တဲ့ ဆေးကုသမှုတွေပေးဖို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP နဲ့ မိတ်ဖက်အဖွဲ့တွေနဲ့ပူးပေါင်းကာ တောင်းဆိုတဲ့ လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံနေရာအနှံ့အပြားရှိ အကျဉ်းထောင် အသီးသီးမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်း သူပေါင်း ငါးထောင်ကျော်ရှိနေပြီး အကျဉ်းထောင်တွေမှာလည်း ထောင်အာဏာပိုင်တွေက နိုင်ငံရေး အကျဉ်းသူတွေကို ဖိနှိပ်ရုံသာမက စားသောက်ရေး၊ နေထိုင်ရေးကိစ္စတွေမှာလည်း ကန့်သတ်မှုများစွာ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးမကောင်းတဲ့ နိုင်ငံရေးအကျဉ်းသူတွေကိုလည်း လုံလောက်စွာ ကျန်းမာရေးစောင့်ရှောက် မှုပေးထားခြင်းမရှိသလို ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရရှိခြင်း၊ ဆေးဝါးမလုံလောက်မှုကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူများစွာလည်း ရှိနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – WOPP

ဆက်စပ် သတင်းများ

Most read