Homeပြည်တွင်းသတင်းအကျဉ်းသားအကျဉ်းသူ ၅၈၆၄ ဦးကို လွတ်ငြိမ်းခွင့်ပေး၊ ထောင်ဒဏ် တစ်သက်ကျခံနေရသူ ၁၄၄ ဦးကို ၁၅ နှစ် ထောင်ဒဏ်သို့ ပြောင်းလဲ

အကျဉ်းသားအကျဉ်းသူ ၅၈၆၄ ဦးကို လွတ်ငြိမ်းခွင့်ပေး၊ ထောင်ဒဏ် တစ်သက်ကျခံနေရသူ ၁၄၄ ဦးကို ၁၅ နှစ် ထောင်ဒဏ်သို့ ပြောင်းလဲ

၄ ဇန်နဝါရီ၊ ၂၀၂၅

၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် နိုင်ငံတစ်ဝန်းက အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ပေးပြီး ထောင်ဒဏ် တစ်သက်ကျခံနေရသူ ၁၄၄ ဦးကို ၁၅ နှစ် ထောင်ဒဏ်သို့ ပြောင်းလဲလိုက်တယ်လို့ ဒီနေ့ထုတ် စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

လွှတ်ပေးတဲ့အထဲမှာ လက်နက်မှု၊ လူသတ်မှု၊ ပေါက်ကွဲမှု၊ အကြမ်းဖက်မှုတွေ မပါဝင်ဘူးလို့ ဆိုထားပြီး ကျန် ပြစ်မှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားအကျဉ်းသူအားလုံးကို ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လျှော့ပေါ့ခွင့်ပေးလိုက်တယ်လို့လည်း ဆိုပါတယ်။

နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူ ၁၈၀ ဦးကို ပြစ်ဒဏ်က သက်သာခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်ကြေညာထားပါတယ်.

လွှတ်ပေးလိုက်တဲ့အထဲ နိုင်ငံရေးအကျဉ်းသားအကျဉ်းသူ ဘယ်လောက်ပါဝင်တယ်ဆိုတာကိုတော့ စစ်ကောင်စီကဖော်ပြထားခြင်း မရှိပါဘူး။

ပုံစာ – ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ တောင်ငူအကျဉ်းထောင်က လွတ်ငြိမ်းနဲ့ လွတ်လာသူများ(ပုံဟောင်း)
ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး

ဆက်စပ် သတင်းများ

Most read