Homeပြည်တွင်းသတင်းအကျဉ်းထောင်အတွင်းမှာ ဆေးကုသခွင့် မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူအနည်းဆုံး ၂၀ ဦး အသက်ဆုံးရှုံး

အကျဉ်းထောင်အတွင်းမှာ ဆေးကုသခွင့် မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူအနည်းဆုံး ၂၀ ဦး အသက်ဆုံးရှုံး

၁၉ စက်တင်ဘာ ၂၀၂၅

၂၀၂၅ ခုနှစ်အတွင်းမှာ အကျဉ်းထောင်တွေအထဲ ဆေးကုသခွင့်မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူအနည်းဆုံး ၂၀ ဦး အသက်ဆုံးရှုံးခဲ့ကြရပြီးဖြစ်တယ်လို့ ဒီကနေ့ စက်တင်ဘာ ၁၉ ရက်နေ့မှာမြန် မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ ရေးအကျဉ်းသားများကွန်ရက်(PPNM) က အသိပေးဖော်ပြထားပါတယ်။

ဒါဟာ လူသားတစ်ယောက်ရရှိရမဲ့ အ သက်ရှင်သန်ပိုင်ခွင့်ကို အတိအလင်းချိုးဖောက်‌နေတာဖြစ်ပြီး၊ အဓိက ကျူးလွန် နေသူတွေ၊ ပါဝင်နေသူတွေအနေနဲ့ရပ်တန်းက ရပ်ရန်နဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ ဆက်လက်ကျူးလွန်နေမယ်ဆိုရင် PPNM က ကျူးလွန်သူတွေကို ဆက် လက် ဖော်ထုတ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

ဒါအပြင် နိုင်ငံရေးအကျဉ်းသားတွေအ တွက် တရားမျှတမှု အပြည့်အဝ ရရှိရေး ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သတိပေးထားပါတယ်။

လွန်ခဲ့တဲ့ရက် စက်တင်ဘာလ ၁၃ရက်နေ့က မကွေးတိုင်း သရက်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ကိုကျော်လင်းအောင်ဟာ အသက်ရှုကြပ်တဲ့ဝေဒနာကို ခံစားနေရတာကြောင့် ထောင်ဆရာဝန်ကထောင်ဆေးရုံမှာ လိုအပ်တဲ့ အောက်စီဂျင်အပါအဝင် အခြားပစ္စည်းတွေလုံ လောက်မှုမရှိတာကြောင့် ပြင်ပဆေးရုံကို ပြောင်းရွှေ့ကုသဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒါပေမဲ့ ထောင်ပိုင်ဖြစ်သူ စိုးနောင်ကို တင်ပြခဲ့ရာမှာ ညွှန်မှူးလမ်းကြောင်းရှိနေတာကြောင့် ရွှေ့ကုသခွင့်မပေးဘဲ ကျန်း မာရေးအခြေအနေ အလွန်ဆိုးရွားတဲ့အတွက် စက်တင်ဘာလ ၁၅ရက် နေ့မှသာ ပြောင်းရွှေ့ကုသခွင့်ပေးခဲ့တာကြောင့် အချိန်မီဆေးကုသခွင့်မရရှိခဲ့တာ

ကြောင့် စက်တင်ဘာလ ၁၇ရက်နေ့ ညနှော အသက်ဆုံးရှုံးခဲ့တာလို ဖော်ပြထားပါတယ်။

ဓာတ်ပုံ-PPNM

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး