Homeပြည်တွင်းသတင်းအကျဉ်းထောင်တွေမှာ ထောင်တွင်းညှင်းပန်းနှိပ်စက်မှုတွေ ပိုမိုလုပ်ဆောင်လာကြောင်း AAPP ဆို

အကျဉ်းထောင်တွေမှာ ထောင်တွင်းညှင်းပန်းနှိပ်စက်မှုတွေ ပိုမိုလုပ်ဆောင်လာကြောင်း AAPP ဆို

၄ မတ်၊၂၀၂၅

နိုင်ငံတစ်ဝန်း အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ထောင်ဝင်စာပစ္စည်းပို့ခွင့် ကန့်သတ်ခံရတာ၊ ဧည့်တွေ့ခွင့် ပိတ်ပင်ခံရတာနဲ့ လုံလောက်တဲ့ဆေးကုသခွင့်တွေမရဘဲ ဖိနှိပ်ခံနေရမှုတွေ ကြုံတွေ့နေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မတ်လ ၃ ရက်နေ့က ထုတ်ပြန် ထားပါ တယ်။

မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေက ပေးပို့တဲ့ ထောင်ဝင်စာပါဆယ်ပစ္စည်းတွေကို သတ်မှတ်နှုန်းအတိုင်း ပေးပို့ခွင့်မပြုတော့ဘဲ ပမာဏအနည်းငယ်သာ ထောင်တွင်းကန့်သတ်ချက်တွေနဲ့ သွင်းခွင့်ရတဲ့အပြင် စာအုပ်စာပေများ ပို့ခွင့်ကိုလည်း ကန့်သတ်လာတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း၊ အင်းစိန်အကျဥ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေတွေဖြစ်တဲ့ အလုပ်သမားခေါင်းဆောင် သက်နှင်းအောင်၊ ဓာတ်ပုံသတင်းထောက် စိုင်းဇော်သိုက် နဲ့ နိုင်ဝင်းတို့က လူ့အခွင့်အရေးကော်မရှင်အဖွဲ့မှ အကျဉ်းထောင်တွင်းကို ဝင်ရောက်စစ်ဆေးစဉ် အကျဉ်းသားတွေရဲ့ အခွင့်အရေးဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုမှုကြောင့် ထောင်အာဏာပိုင်တွေက ထောင်တွင်းစစ်ကြောရေးကို ခေါ်ဆောင်ပြီး ညှဉ်းပန်းနှိပ် စက် ရိုက်နှက်ပြီးနောက် တိုက်ပိတ်ခဲ့ တယ်လို့သိရပါတယ်။

ထို့ပြင် ဖေဖော်ဝါရီလအတွင်း စစ်အုပ်စုက ဖမ်းဆီးပြီးနောက် အကျဉ်းထောင်တွေနဲ့ ရဲစခန်းတွေမှာ လုံ လောက်သည့် ဆေးဝါးကုသခွင့် မရရှိသောကြောင့် နိုင်ငံရေးအကျဉ်းသား (၃) ဦး သေဆုံးခဲ့တယ်လို့ AAPPက ထုတ်ပြန်ထားပါတယ်။

၎င်းအပြင် စစ်အုပ်စုက အရပ်သားပြည်သူတွေအပေါ် လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုနှုန်းမှာ နေ့စဉ်နှင့်အမျှ မြင့်တက်လျက်ရှိကာ အေအေပီပီရဲ့အချက်အလက်တွေအရ ဖေဖော်ဝါရီလနောက်ဆုံးပတ်အတွင်း အမည်နှင့်တကွ အတည်ပြုနိုင်သည့် အရပ်သားသေဆုံးသူ (၂၂) ဦး နဲ့ အတည်ပြုရန်လိုအပ်ဆဲ အရပ်သားသေဆုံးသူ (၈) ဦးရှိခဲ့သည်။

photo – AAPP

ဆက်စပ် သတင်းများ

Most read