Homeပြည်တွင်းသတင်းဟားခါးမြို့အနီးက ကမ်တလန်း စစ်စခန်းကို CDF Hakha နဲ့ CNA တိုက်ခိုက်သိမ်းပိုက်

ဟားခါးမြို့အနီးက ကမ်တလန်း စစ်စခန်းကို CDF Hakha နဲ့ CNA တိုက်ခိုက်သိမ်းပိုက်

၃၀ အောက်တိုဘာ၊ ၂၀၂၄

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ကမ်တလန်း Kiamtlang စစ်တပ်စခန်းကို Chinland Defense Force – Hakha နဲ့ Chin National Army တို့ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်လိုက် တယ်လို့ အောက်တိုဘာ ၃၀ ရက်က CDF Hakha က ထုတ်ပြန်ကြေညာပါတယ်။

အောက်တိုဘာ ၂၈ ရက်က ဟားခါးမြို့အနီးက ဟားခါး-ထန်တလန်လမ်းမပေါ်က Kiamtlang စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးပြီး ဗိုလ်မှူးတစ်ဦး အပါအဝင် ၄ ဦးကို အရှင် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အသုံးပြုတဲ့ MA1 အမျိုးအစား သေနတ် ၅ လက်၊ MA2 အမျိုး အစား သေနတ် ၁ လက်၊ MA3 အမျိုးအစား သေနတ် ၂ လက်၊ MA11 အမျိုးအစား သေနတ် ၁ လက်၊ ကျည်‌ဘောက် ၄၂ ခု၊ မိုင်း နဲ့ ခဲယမ်းတွေကိုလည်း သိမ်းဆည်း ရရှိပါတယ်။ ဒီတိုက်ခိုက်မှုတွေကို CDF Hakha နဲ့ CNA တို့ ပူးပေါင်းပြီး Operation Rung အမည်နဲ့စစ်ဆင်ရေးတိုက်ပွဲဖော်ဆောင်တာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

CDF Hakha အနေနဲ့ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက် ရေး တို့အတွက် တော်လှန်ရေးအုပ်စုတွေနဲ့ ပူးပေါင်းပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၈ က ဟားခါးမြို့ပြင်မှာ တိုက်ပွဲနှစ်နေရာ ဖြစ်ပွားခဲ့ပြီး Rual U စစ်တပ်စခန်းက ပစ်ခတ်လိုက် တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဟားခါးမြို့တွင်းက သက်ကြီးရွယ်အို ဇနီးမောင်နှံနှစ်ဦး၊ ကလေးငယ် မ တစ်ဦးနဲ့ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ပုံစာ – အောက်တိုဘာ ၂၈ ရက် ကမ်တလန်းစခန်းသိမ်းပိုက်ပြီးနောက် မြင်ရစဉ်

Photo – CDF Hakha

ဆက်စပ် သတင်းများ

Most read