ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့ ၊ ပါဆယ်လမ်းနဲ့ ပတ္တမြားလမ်းဆုံ အနီးမှာ ဖွင့်ထားတဲ့ ဒေါက် တာတင်မောင်ထွန်းရဲ့ သွားဆေးခန်းကို အမည်မသိ အမျိုးသားတဦးက ဓါးနဲ့ဝင်ထိုးခဲ့တဲ့အတွက်လင်မယား၂ယောက်လုံး သေဆုံးခဲ့ပြီး မိသားစုဝင်အမျိုးသမီးနဲ့ဆေးခန်းအကူအမျိုးသမီးတဦးလည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့တယ်လို့သိရပါတယ်။
PCX အမျိုးအစား ဆိုင်ကယ်စီးလာတဲ့အသားဖြူဖြူမျက်နှာသွယ်သွယ် အမည်မသိအမျိုးသားက သွားဆေးခန်းကိုရောက်လာခဲ့ပြီး သူ့အလှည့်အရောက်မှာ ဆရာဝန်ကို ဓါးနဲ့ထိုးခဲ့တယ်လို့ ဆိုပါတယ်။
ဇနီးဖြစ်သူဒေါ်ခင်မီမီသက်က အနားမှာ ရှိနေတာကြောင့် သူ့ကိုပါ ဓါးနဲထိုးတဲ့အတွက် ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်ပြီး တရားခံဟာ ဆေးခန်းမှာ ရှိတဲ့ ပစ္စည်းတစုံတရာကို ယူမသွားခဲ့ဘူးလို့သိရပါတယ်။


