၂၂ အောက်တိုဘာ၊၂၀၂၄
ကော်သူးလေအုပ်ချုပ်နယ်မြေ၊ သံတောင်ကြီးမြို့အတွင်းကို စစ်ကောင်စီတပ်က ၁၂၀ မမ လက်မက်ကြီးနဲ့ ၁၂ ချက်ပစ်ခက်ခဲ့ပြီး လူနေအိမ် ၆ လုံးထိမှန်ပျက်စီးခဲ့ကာ ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်မှုအရသိရပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့ ညနေ (၄း၂၀) အချိန်ခန့်က ဘုရင့်နောင်တပ်မြို့ရှိ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဘက်မှ သံတောင်ကြီးမြို့တွင်းသို့ ၁၂၀ မမ လက်နက်ကြီး (၁၂) လုံး ပစ်ခတ်ခဲ့ရာ မြို့အတွင်း (၆) လုံး ကျရောက်ခဲ့ပြီး မြို့အပြင်မှာ (၆) လုံး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
ထိုသို့လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခြင်းကြောင့် သံတောင်ကြီးမြို့ ရပ်ကွက် (၂) ရှိ အဖီးဂျက်ဆင်မို နဲ့ ဆရာမစောစောတို့ရဲ့ နေအိမ် (၄) လုံး ၊ ရပ်ကွက် (၃) ရှိ မောင်လင်းဘ နဲ့ နော်ဘေးဘ တို့ရဲ့ နေအိမ် (၂) လုံး စုစုပေါင်း (၆) လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ရက်ကွက် (၂) နေ စောအာင်နိုင်ထူး (၁၃) နှစ် နဲ့ ဆရာမ စောစော တို့ (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ထိုသို့လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ အရပ်သားပြည်သူ လူထုတွေထိုင်ရာ နေရာတွေကိုပစ်ခတ်လျှက်ရှိတာကြောင့် ပြည်သူလူထုများအနေနဲ့ ထိတ်လန့်ကြောက်ရွံစွာနဲ့ နေထိုင်နေရပြီး လေကြောင်းတိုက်ခိုက်မှုပါ ထပ်မံပြုလုပ်ခံရမည်ကို ဒေသခံတွေအနေနဲ့ စိုးရိမ်ထိတ်လန့်လျှက် ရှိတယ်လို့လည်း KNU က ထုတ်ပြနထားပါတယ်။
ပုံစာ− အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ရမှုများ။
Photo- KNU