Homeပြည်တွင်းသတင်းသေ့ဘောဘိုးစခန်းကို စစ်ကူလာတဲ့ အင်အား ၇၀ ကျော်ပါ စစ်တပ်စစ်ကြောင်းတစ်ခုလုံးကို KNLA ပူးပေါင်းတပ်တွေ ချေမှုန်း

သေ့ဘောဘိုးစခန်းကို စစ်ကူလာတဲ့ အင်အား ၇၀ ကျော်ပါ စစ်တပ်စစ်ကြောင်းတစ်ခုလုံးကို KNLA ပူးပေါင်းတပ်တွေ ချေမှုန်း

၂၈ မေ ၊၂၀၂၅

ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစခန်းကို စစ်ကူလာတဲ့ အင်အား ၇၀ ကျော်ပါ စစ်တပ်စစ်ကြောင်း တစ်ခုလုံးကို KNLA ပူးပေါင်းတပ်တွေက ချေမှုန်းနိုင်ခဲ့ပြီး စစ်သား ၃၀ ကျော်အရှင်မိကာ အများအပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေ့ဘောဘိုးစစ်တပ်စခန်းကို မေလ ၂၇ ရက်နေ့က စစ်ကူလာတဲ့ အင်အား ၇၀ ကျော်ပါ စစ်တပ်စစ်ကြောင်း DKBA ဌာနချုပ် ဆုံဆည်းမြိုင်အနီးသို့ ရောက်ရှိနေစဉ် KNLA မဟာမိတ်ပူးပေါင်းတပ်တွေက ပိတ်ဆို့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

စစ်ကောင်စီ စစ်ကူစစ်ကြောင်းအတွင်း အင်အား ၇၀ ကျော်ပါဝင်ကြောင်းသိရပြီး အဆိုပါစစ်ကြောင်းကို မေလ ၂၈ ရက်နေ့ ဒီကနေ့မှာ KNLA မဟာမိတ်ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး စစ်သား ၃၀ ကျော် အရှင်ဖမ်းမိကာ အများအပြားသေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ – Cj

ဆက်စပ် သတင်းများ

Most read