Homeပြည်တွင်းသတင်းသောင်ရင်းမြစ်ရေ မြင့်တက်လာမှာဖြစ်တာကြောင့် မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ အမြန်ဆုံးကြိုတင်ပြင်ထားဖို့ တိုက်တွန်း

သောင်ရင်းမြစ်ရေ မြင့်တက်လာမှာဖြစ်တာကြောင့် မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ အမြန်ဆုံးကြိုတင်ပြင်ထားဖို့ တိုက်တွန်း

၂၃ ဇူလိုင် ၂၀၂၅

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ သောင်ရင်းမြစ်ရေဟာ နောက် ၂၄ နာရီအတွင်း ထပ်မံမြင့်တက်လာမှာဖြစ်တာကြောင့်မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ အမြန်ဆုံးကြိုတင်ပြင်ထားဖို့ ဒေသတွင်းမြစ်ရေစောင့်ကြည့်နေသူတွေက တိုက်တွန်းထားပါတယ်။

“မနက်ကတည်းက မိုးကြီးနေပြီး အခုချိန်အထိ မိုးကမစဲဘူး။ မိုးကြီးနေတကြောင့် မြစ်ရေကထပ်တက်လာဖို့ရှိတယ်။အခုတော့ ကမ်းနဖူးတိုက်နေပြီ သတ်မှန်ထားတဲ့ရေမှန်ငိူရောက်ဖို့ ခြောက်လက်မလောက်ဘဲ လိုတော့တယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဒါအပြင် နောက် ၂၄ နာရီအတွင်း မိုးရွာသွန်းမှု ခန့်မှန်းချက်အရ ကရင်ပြည်နယ် နယ်စပ်ဒေသတစ်လျှောက်လုံး မိုးသက် လေပြင်းကျရောက်လာနိုင်တာလဲ တွေ့နေရတယ်လို့ ဒေသတွင်း မိုးလေဝသ သုံးသပ်တစ်ဉီးက ထပ်လောင်း ပြောပါတယ်။

ဒီနေ့ ဇူလိုင် ၂၃ ရက် မနက် ၈ နာရီအချိန်အထိမြစ်ရေမှာ တရိပ်ရိပ် ထိုးတက်လာနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ မိုးလေဝသဌာနက သောင်ရင်းမြစ်ရေဟာ စိုးရိမ် ရေမှတ်အောက် ၈၆၇ စင်တီမီတာကိုရောက်ရှိနေပြီး စိုးရိမ်ရေမှတ်ကိုရောက်ရှိဖို့ ၉၆ စင်တီမီတာသာ လိုတော့တယ်လို့ အသိပေးထားပါတယ်။

ဓာတ်ပုံ -CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး