Homeပြည်တွင်းသတင်းသေဒဏ်ကျခံ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံဦး အင်းစိန်အကျဉ်းထောင်တွင်းသေဆုံး

သေဒဏ်ကျခံ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံဦး အင်းစိန်အကျဉ်းထောင်တွင်းသေဆုံး

၃ ဒီဇင်ဘာ၊၂၀၂၄

သေဒဏ်ကျခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံဦးဟာ ကျောက်ကပ်ရောဂါဝေဒနာ ကိုပြင်းထန်စွာ ခံစားခဲ့ရပြီးနောက် နိုဝင်ဘာလ(၃၀)ရက်နေ့ ညနေ ၆ နာရီ ခွဲအချိန်မှာ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

ကိုပြည့်စုံဦးမှာ စစ်အုပ်စုအာဏာသိမ်းစဉ်က CDM တပ်သားအနေနဲ့ ၂၀၂၁ခုနှစ် မတ်လအတွင်း ပြည်သူ့ဘက်သို့ ကူးပြောင်းပြီး နိုင်ငံရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ခဲ့သူတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။။

တော်လှန်ရေးလုပ်ငန်းတွေဆောင်ရွက်နေစဉ် ၂၀၂၂ ခုနှစ် ဩဂုတ်လ အတွင်းဖမ်းဆီးခံခဲ့ရပြီး‌နောက် သံလျှင်ရေတပ်မှ တပ်ပြေးပုဒ်မ နဲ့ အခြားပုဒ်မတွေဖြစ်တဲ့ ပုဒ်မ တမအ ၃၇ (တပ်မတော်အက်ဥပဒေပုဒ်မ ၃၇)၊ တမအ ၃၂(တပ်မတော်အက်ဥပဒေပုဒ်မ ၃၂) တွေနဲ့ အမှုဖွင့်ခံခဲ့ရပြီး ၂၀၂၃ ခု စက်တင်ဘာလမှာ မှာ သေဒဏ်အမိန့်ချခံရပြီး အင်းစိန်ထောင်ကိုပို့ဆောင်ခံခဲ့ရသူဖြစ်တယ်လို့လည်းဆိုပါတယ်။

အင်းစိန်ထောင်သို့ ရောက်ရှိပြီးနောက် ကျောက်ကပ်ရောဂါ နဲ့ အဆုတ်ရေဝိုင်းရောဂါတွေကို ခံစားခဲ့ရပြီး ခြောက်လအကြာမှာ ရောဂါပြင်းထန်လာပြီးနောက် ယခုကဲ့သို့ ကျဆုံးခဲ့ရခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

Photo – PPNM

ဆက်စပ် သတင်းများ

Most read