ရန်ကုန်တိုင်း သန်လျင်မြို့နယ်မှာ သေဆုံးခဲ့တဲ့ ရုပ်အလောင်းတခုကို မကွေးတိုင်းဘက်ကို့ ပို့ဆောင်ပြီးပြန်လာတဲ့ပရဟိ တယာဉ်တစီးဟာ မတော်တဆတိမ်းမှောက်ရာကနေ လိုက်ပါသွားတဲ့ အသင်း ဥက္ကဌဖြစ်သူ သေဆုံးခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
အဲ့ဒီဖြစ်စဉ်ဟာ နိုဝင်ဘာ ၂၈ ရက်ကဖြစ်ပွားခဲ့တာဖြစ်ပြီး သန်လျင်မြို့နယ်အခြေစိုက် အောင်မြင့်မိုရ်လူမှုကူညီကယ်ဆယ်ရေးအသင်းဟာ မကွေးတိုင်းဘက်ကို ရုပ်အလောင်းသွားပို့ပြီးအပြန် တောင်ညိုလမ်းတနေရာမှာ ယာဥ်တိမ်းမှောက်ခဲ့တယ်လို့သိရပါတယ်။
ဒါ့ကြောင့် ယာဉ်ပေါ်လိုက်ပါလာတဲ့ဥက္ကဌ ဦးစိုးနိုင်(ခ)ဦးကျီးကန်းနဲ့ အခြားအသင်း သားတစ်ဦးတို့ဟာ ထိခိုက်ဒဏ်ရာတွေ ရခဲ့ပြီးနောက် ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသနေစဉ် ၄ ရက်အကြာ ဒီဇင်ဘာ ၂ ရက် မနက်ပိုင်းမှာတော့ အသင်းဥက္ကဌဖြစ်သူ ကွယ်လွန်သွားခဲ့တယ်လို့အသင်းနဲ့နီးစပ်သူတွေက ဆီကနေသိရပါတယ်။
အောင်မြင့်မိုလ်လူမှုကူညီကယ်ဆယ်ရေးယာဥ်ဟာ သန်လျင်မြို့နယ်ဆေးရုံ လူနာတွေကို သူတို့ရဲ့နေရပ်ဒေသတွေကိုမကြာခဏလွှဲပြောင်းပို့ဆောင်ပေးတဲ့အရေးပေါ် ကားတစ်စီးဖြစ်ကြောင်း သိရပါတယ်။
ဓာတ်ပုံ-CJ


