၅ ဇွန်၊၂၀၂၄
ဇွန်လ ၁ ရက်တုန်းက ကွယ်လွန်ခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ နာယကလည်းဖြစ်တဲ့ သူရဦးတင်ဦးရဲ့ စျာပနကို ရန်ကုန်မြို့က ရေဝေးသု သာန်မှာ ဒီနေ့ ညနေ ၄ နာရီက ဂူသွင်း သင်္ဂြိုဟ်ခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနာယကကြီး သူရဦးတင်ဦးရဲ့ နာရေးခရီးကို သံတမန်တွေ အပါအဝင် ပြည်သူတစ်ထောင်ကျော် လိုက်ပါပို့ဆောင်ခဲ့တယ်လို့ နာရေးကျင်းပရေး ကော်မတီဝင်ဆီက သိရပါတယ်။






အင်းလျားမြိုင်ထဲမှာရှိတဲ့ သူရဦးတင်ဦးနေအိမ်ကနေ တက္ကသိုလ်ရိပ်သာလမ်းမပေါ်က ဒေါ်အောင်ဆန်းစု ကြည်ရဲ့ နေအိမ်ရှေ့ကနေဖြတ်ပြီး ရေဝေးသုသာန်ကို ပို့ဆောင် ဂူသွင်းသင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။