Homeပြည်တွင်းသတင်းသုံးလအတွင်းလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၀၀ ကျော် သေဆုံး

သုံးလအတွင်းလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၀၀ ကျော် သေဆုံး

၂၆ ဒီဇင်ဘာ၊၂၀၂၄

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၂၅ ရက်နေ့အထိ သုံးလအတွင်း အရပ်သား (၃၀၈) ဦးသေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းမှ ကောက်ယူထားတဲ့ အချက်အလက်တွေအရသိရပါတယ်။

နိုင်ငံတဝန်း စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် သုံးလအတွင်း အမျိုးသမီး (၁၂၅) ဦး နဲ့ အမျိုးသား (၁၈၃) စုစုပေါင်း (၃၀၈) ဦး သေဆုံးခဲ့တာကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အဆိုပါသေဆုံးသူအရေ အတွက် အတွင်း ပညာရေးကဏ္ဍမှ (၁၀) ဦးပါဝင်နေပြီး (၁၆၃) ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ထို့ပြင် အဆိုပါကာလအတွင်း နိုင်ငံတဝန်း စစ်အုပ်စုက အမျိုးသမီး (၂၉) ဦး နဲ့ အမျိုးသား (၈၄) ဦး စုစုပေါင်း (၁၁၃) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရန်ကုန်တိုင်းမှာ (၂၄) ဦးဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့လည်း ဖော်ပြ ထားပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် လေးနှစ်ကာလအတွင်း စစ်ကောင်စီရဲ့သတ်ဖြတ်မှုကြောင့် နွေဦး တော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း (၆၀၈၂) ဦး ရှိခဲ့ပြီဖြစ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၀၂၅) ဦးရှိကာ ထိုအထဲမှ (၂၁၄၅၄) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၈၇၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ AAPP ရဲ့ စာရင်းတွေအရ သိရပါတယ်။

ပုံစာ -ကွက်ခိုင်မြို့ကို နိုင်ဝင်ဘာလ ၁၇ ရက်နေ့က ညပိုင်းက စစ်ကောင်စီမှ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက် ထားမှု

Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read