Homeပြည်တွင်းသတင်းသုဝဏ္ဏကွင်းမှာ ပြုလုပ်မယ့် တရုတ်နှစ်သစ်ကူးပွဲကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ဖို့ စီစဉ်နေ

သုဝဏ္ဏကွင်းမှာ ပြုလုပ်မယ့် တရုတ်နှစ်သစ်ကူးပွဲကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ဖို့ စီစဉ်နေ

၂၃ ဇန်နဝါရီ၊ ၂၀၂၅

၂၀၂၅ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၂၅ ရက်နေ့ သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ(၁) မှာပြုလုပ်သွားမှာဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်ဖို့ စီစဉ်နေတယ်လို့ New Day Myanmar က သတင်းရရှိပါတယ်။

အခုချိန်မှာတော့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ပွဲတက်ဖို့ အတွက် ရန်ကုန်ကို ရောက်ရှိနေပြီး ရန်ကုန်မှာလည်း လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပွဲတော်မကျင်းပခင် သုံးရက်အလိုကတည်းက ရန်ကုန်ကိုရောက်ရှိနေတာဖြစ်ပြီး သာကေတမြို့နယ် နဲ့ ဝေဇယန္တာလမ်းမကြီးတစ်လျှောက်ကို ၂၄ နာရီ လုံခြုံရေးတိုးမြှင့်ချထားတာတယ်လို့ မြို့နေလူထုက ပြောပါတယ်။

“တရုတ်နှစ်ကူးပွဲကို မင်းအောင်လှိုင်အမြဲတက်တယ်လေ။ ခုလည်း သု၀ဏ္ဏကွင်းမှာ လုပ်မယ့် ပွဲကို တက်မယ်လို့ ကြားတယ်။ လုံခြုံရေးတော့ တော်တော်လေး တင်းကြပ်ထားတယ်။”လို့ သာကေတမြမြို့နယ်မှာ နေထိုင်သူ တဦးက New Day Myanmar ကိုပြောပါတယ်။

အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က ရန်ကုန်မှာနှစ်စဉ်ပြုလုပ်တဲ့ တရုတ်နှစ်ကူးပွဲတော်ကို နှစ်စဉ်မပျက်မကွက်တတ်ရောက်နေတာလည်းဖြစ်ပါတယ်။

ပုံစာ – ၂၀၂၄ ခုနှစ်က ပြုလုပ်ခဲ့တဲ့ တရုတ်နှစ်ကူးပွဲကို တက်ရောက်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်

Photo – DSINFO

ဆက်စပ် သတင်းများ

Most read