Homeပြည်တွင်းသတင်းသီပေါမှာ ဓားမြတိုက်မှု နဲ့ အမျိုးသမီး (၁)ဦးကို မုဒိန်းမှုကျူးလွန်သူ (၇)ဦးအနက် (၃)ဦးကို TNLA ဖမ်းဆီး ၊ဖမ်းဆီးရမိတဲ့အထဲ ရဲဝန်ထမ်းတစ်ဦးပါ

သီပေါမှာ ဓားမြတိုက်မှု နဲ့ အမျိုးသမီး (၁)ဦးကို မုဒိန်းမှုကျူးလွန်သူ (၇)ဦးအနက် (၃)ဦးကို TNLA ဖမ်းဆီး ၊ဖမ်းဆီးရမိတဲ့အထဲ ရဲဝန်ထမ်းတစ်ဦးပါ

၉ ဇန်နဝါရီ၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ AAA ဓါတ်ဆီဆိုင်ရှေ့ ဆန်စက်ရုံ ဓားမြတိုက်မှုနဲ့ အမျိုးသမီး (၁)ဦးကို မုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့သူ (၇) ဦးအနက် (၃) ဦးကို TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဖမ်းဆီးရမိထား တယ်လို့ သိရပါတယ်။

အဲ့ဒီအဖွဲ့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက် နေ့က တရားဥပဒေစိုးမိုးရေးတပ်ဖွဲမှ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ၎င်းတို့ကျုးလွန်ထားတဲ့ အမှုတွေကလည်း သီပေါမြိုကို စစ်ကောင်စီတပ် အုပ်ချုပ်စဥ်က ကျူးလွန်ခဲ့တဲ့ အမှုတွေဖြစ်တယ်လို့ ဇန်ဝါရီလ ၈ ရက်န့က ထုန်ပြန်တဲ့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဖမ်းဆီးရမိသူတွေမှာ အောင်နိုင်စိုး (အသက် ၄၄နှစ်)၊ ကိုရဲဟိန်း (အသက် ၄၂နှစ်)နဲ့ ဇင်မင်းပိုင် (အသက် ၂၉နှစ်) တို့ဖြစ်ကြောင်း သိရပြီး ကျန်ရှိနေတဲ့ ဝေဖြိုးအောင်၊ ငဖြိုး၊ အသားတု၊ ဇွဲပိုင်းထွန်းဆိုသူ (၄)ဦးတို့မှာ လက်ရှိအချိန်အထိ လွတ်မြောက်နေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး အောင်နိုင်စိုးဆိုသူမှာ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတွင် (ကိုယ်ပိုင်အမှတ် -၁၉၇၂၂၂) တ.တ.က ရာထူးနဲ့ စာရေးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဝန်ထမ်းဖြစ်တယ်လို့ သိရပြီး ၎င်း နဲ့ အတူ RPG7-(၁) လုံး၊ စကာပြောစက်အထိုင်(၁)လုံး၊ MA3 ကျည် (၄၇) ထောင့်၊ စလက်ကျည်-(၁၉)ထောင့်၊ 60MM (၃)လုံး၊ M9 (၂)လုံး၊ M9 ပြူ (၇)ခု၊ ဘိန်းဖြူ (၁)ဘူး၊ ဘက်ထရီ W27000 Mah(၁)လုံး၊ ရာမဗူးခွံ အလုံး(၂၀)၊ ဓားတို (၁) စတဲ့ သက်သေခံပစ္စည်းတွေ နဲ့ အတူ ဖမ်းဆီရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ (၃)ဦးကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ သီပေါမြို့ တရားဥပဒေစိုး မိုရေးတပ်ဖွဲမှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး အမှုကျူးလွန်ပြီး လွတ်မြောက်နေသူ (၄)ဦးကိုလည်း အမြန်ဆုံးစုံစမ်းဖော်ထုတ်ဖမ်းမိနိုင်ရေး လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read