Homeပြည်တွင်းသတင်းသီပေါမြို့မှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး (၁)ဦး သေဆုံး အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရ

သီပေါမြို့မှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး (၁)ဦး သေဆုံး အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရ

၃ စက်တင်ဘာ၊၂၀၂၄

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး(၁)ဦး သေဆုံးပြီး အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

ဖြစ်စဥ်ကတော့ စက်တင်ဘာလ ၁ ရက်နေ့ ညနေ(၅)နာရီခွဲခန့်အချိန်မှာ စစ်ကောင်စီတပ် ခလရ(၂၃)တပ်မှ ပြည်သူရှိရာ ဦးတည်ပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကုံးစုံ(လီဆူ)ရွာ နေအိမ်တစ်အိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ရာ အသက်(၄၇)နှစ်ရှိ ကိုကျော်မြင့်ဆိုသူ နောက်ကျော၊ ပခုံး၊ လက်နဲ့ မျက်နှာတို့မှာ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့သည့် သြဂုတ်လ(၃၁)ရက်နေ့ မနက် ၁၀ နာရီအချိန်ကလည်း စစ်ကောင်စီတပ်မှ ပြည်သူရှိရာသို့ ဦးတည်ကာ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ညောင်ကိုးပင်ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး အသက်(၅၂)နှစ်ရှိ ဒေါ်စိန်ပွင့်ဆိုသူ နှလုံးတည့်တည့် လက်နက်ကြီး ထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သီပေါမြိုမှာ ဩဂုတ်လ (၁)ရက်နေ့မှ ယခု စက်တင်ဘာ (၂)ရက်နေ့ထိ စစ်ကောင်စီမှ အရပ်သားနထိုင် ရာကို ဦးတည်ပြီး လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ဒေသခံ (၂၂)ဦး သေဆုံးခဲ့ရပြီး (၆၀)ကျော် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ စာရင်းတွေအရ သိရပါတယ်။

ပုံစာ- (စစ်ကာင်စီရဲ့ လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် သီပေါဒေသခံများ)
Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read