Homeပြည်တွင်းသတင်းသီပေါမြို့နယ်နဲ့ နောင်ချိုမြို့နယ်တွေမှာ စစ်ကောင်စီက တစ်ရက်တည်း လေကြောင်းတိုက်ခိုက်မှု ၁၈ ကြိမ်ပြုလုပ်ခဲ့

သီပေါမြို့နယ်နဲ့ နောင်ချိုမြို့နယ်တွေမှာ စစ်ကောင်စီက တစ်ရက်တည်း လေကြောင်းတိုက်ခိုက်မှု ၁၈ ကြိမ်ပြုလုပ်ခဲ့

၁၂ ဩဂုတ်၊၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့နယ်နဲ့ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားတဲ့တိုက်ပွဲ တွေ အတွင်း စစ်တပ်က သြဂုတ် ၁၁ ရက် တစ်ရက်တည်းမှာတင် လေကြောင်းကနေ ၁၈ ကြိမ် ဗုံးကြဲတိုက်ခို က်ခဲ့တယ်လို့ တအာင်းတပ်(TNLA)က ထုတ်ပြန်ထားပါတယ်။

နောင်ချိုမြို့ကို ထိန်းထားတဲ့ TNLA နဲ့ စစ်ကောင်စီတပ်တို့ဟာ မြို့နယ်ထဲက တောင်ခမ်းနဲ့ မက်မန်းတောရွာတို့မှာ တိုက်ပွဲဆက်ရှိနေတယ်လို့ TNLA က ပြောပါတယ်။

ဒီရွာ ၂ ရွာက အမြောက်တပ် ၉၀၂ ၊ ခမ ၃၀၂၊ ခမရ ၃၂၅၊ခမရ၃၀၆ တို့မှာတိုက်ပွဲဖြစ်ခဲ့ကာ စစ်ကောင်စီက လေကြောင်းကနေ ၆ ကြိမ်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သီပေါမြို့မှာတော့ ခလရ ၂၃ တပ်စခန်းကို TNLA ကတိုက်နေတာဖြစ်ပြီး ဒီတိုက်ပွဲမှာ စစ်ကောင်စီက လေ ကြောင်းကနေ ၁၂ ကြိမ်လာပစ်ခဲ့တာပါ။

တပ်စခန်းထဲရှိနေတဲ့ စစ်ကောင်စီတပ်သားတွေအတွက်လည်း လေကြောင်းကနေ ထောက်ပို့ ၅ ကြိမ်လာချပေးခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo- PSLF/TNLA

ဆက်စပ် သတင်းများ

Most read